Chapter 92

1.7K 296 53
                                    

{Unicode}

အပိုင်း ၉၂

ရှန့်ချောင် သက်သာသွားချိန်တွင် ဟော့ရှီးက သူမအား မြေကြီးပေါ်မှ တွဲထူသည်။ ကားမောင်းအကွာအဝေးကြာမြင့်ချိန်မှာ မိနစ်နှစ်ဆယ်ဖြစ်ပြီး လမ်းလျှောက်သွားလျှင် နှစ်ဆ ပိုကြာမည်ဖြစ်သည်။

သူမကားစီးနေချိန်အတွင်း သက်သောင့်သက်သာမရှိသည်ကိုသာ ခံစားနေရကာ ပတ်ဝန်းကျင်အား သတိမမူမိခဲ့။ သို့ရာတွင် ကားပေါ်မှ ဆင်းလာသောအခါတွင်မူ ဘေးပတ်လည်၌ စိမ်းစိုသည့်သစ်ပင်၊ မြက်ပင်များ ဝန်းရံထားကာ ကားလမ်းနံဘေးရှိ တောရိုင်းပန်းများမှာ လေနှင့်အတူ ယိမ်းနွဲ့နေ၏။

အဝေးသို့ မျှော်ကြည့်လျှင် မြို့ပြကို ခပ်ရေးရေး လှမ်းမြင်နိုင်ပြီး ရှုမျှော်ခင်းမှာ ပင့်သက်ရှိုက်ရလောက်အောင် မင်သက်ဖွယ်။

ဟော့ရှီးက တင်းကျန်ထံ လှမ်းပြောသည်။

"နောင်ကျရင် အမူးပြေဆေးကို ကိုယ်နဲ့မကွာ ဆောင်ထား"

တင်းကျန် ခေါင်းညိတ်လိုက်ကာ နောက်တွန့်သွားပြီးနောက် သူတို့နှင့် သူမအကြား ငါးမီတာ အကွာအဝေးခြားထားလိုက်ကာ မီးလုံးဗို့အားကို နည်းနိုင်သမျှ နည်းစေရန် ကြိုးပမ်းသည်။

ကားမူးဝေဒနာကြောင့် သက်သောင့်သက်သာ မဖြစ်မှုများ ပြေပျောက်သွားသည်နှင့် ရှန့်ချောင်က တက်တက်ကြွကြွ ပြန်ဖြစ်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် အိုင်ဒေါလ်နှင့်အတူ တောင်တက်ကာ ရှုမျှော်ခင်းကြည့်ရသည့် အခြေအနေမျိုးမှာ နှစ်တစ်သောင်းမှ တစ်ကြိမ်ကြုံနိုင်သည့် အခွင့်အရေးမျိုးဖြစ်ပြီး ကျိန်းသေပေါက် တန်ဖိုးထားရပေမည်။

ရှန့်ချောင် ဟော့ရှီးထံ လှမ်းမေးသည်။

"ဟော့ရှီး ရှင်ပင်ပန်းနေပြီလား? ဗိုက်ဆာလား? တင်းကျန်ရဲ့ အိတ်ထဲမှာ မုန့်ပါတယ်"

ဟော့ရှီးက သူမအား ကားလမ်းဘေးအစွန်းမှ ပြန်ဆွဲယူရင်း

"အတွင်းထဲကလျှောက်၊ ပြီးခဲ့တဲ့ နှစ်ရက်က မိုးရွာထားတာ၊ အစွန်းနားတွေက မလုံခြုံဘူး"

ထို့ကြောင့် ရှန့်ချောင်က ကားလမ်းအလယ်မှ လိမ်လိမ်မာမာဖြင့် လျှောက်လာကာ သူမလက်ချောင်းကြားတွင် လမ်းဘေးမှ ကောက်ယူလာသည့် ဒေစီပန်းတစ်ပွင့်မှာ တွဲလောင်းကျလျက်ရှိသည်။

GTKWF (Myanmar Translation )Where stories live. Discover now