Chapter 56

1.8K 268 38
                                    

{Unicode}

အပိုင်း ၅၆

ရှန့်ချောင် အချိန်အတော်ကြာသည်အထိ စာမပြန်လာသည်မို့ ပေ့မင်းဖန်က သူမထံ တိုက်ရိုက်ဖုန်းခေါ်လာပြီး ဖုန်းဝင်သွားသည်နှင့် သူက ပျော်ပျော်ရွှင်ရွှင်ဆိုလာသည်။

"နောက်ပြီး သူက လက်မှတ်ထိုးပြီးသွားပြီ၊ မင်း မနက်ဖြန် ပြန်လာရင် ညနေဘက်မှာ ရင်းနှီးမြုပ်နှံသူတွေနဲ့ ညစာအတူစားဖို့ ငါ စီစဉ်လိုက်မယ်၊ မင်း နေရာမှာတင် ချက်ချင်း စာချုပ်လက်မှတ်ထိုးဖို့လိုတယ်၊ ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မရဘူး"

ရှန့်ချောင် - "......"

ခဏအကြာထိ စောင့်ဆိုင်းပြီးနောက် ပေ့မင်းဖန် မေးလာသည်။

"မင်း ဘာလို့ စကား မပြောတာလဲ?"

ရှန့်ချောင် - "ကျွန်မမှာ ပြောစရာ စကားမရှိဘူး"

ပေ့မင်းဖန် - "အို့၊ မင်း ဟော့ရှီးကို မုန်းမှန်း ငါ မေ့သွားတယ်၊ အလုပ်က အလုပ်ပဲဆိုတာ အမြဲတမ်း မှတ်ထားရမယ်၊ ဟော့ရှီးဆိုတဲ့ စကားလုံးက ဘာကို ကိုယ်စားပြုလဲ မင်းသိလား? ကျိန်းသေပေါက် ကြည့်ရှုနှုန်း မြင့်မယ်ဆိုတာပဲ!!"

ရှန့်ချောင် - "ဟော့ရှီး x ရှန့်ချောင် စကားလုံးလေးလုံးကရော ဘာကို ကိုယ်စားပြုလဲ ရှင်သိလား? ကျွန်မကို သူ့ပရိသတ်တွေ အသေသတ်မယ်လို့ ဆိုလိုတာ"

ပေ့မင်းဖန် - "......"

(ဟေးးး အရင်က ရှင်းယောင်က မင်းတို့ကြားမှာ ပတ်သက်စရာမရှိပဲ အတင်း ကျော်ကြားမှုကို အသုံးချခဲ့လို့လေ၊ အခု ကျိန်းသေ ပူးတွဲလုပ်ဆောင်မယ်ဆိုတော့ အရင်ကိစ္စတွေကြောင့် ဒရာမာထဲ CP လုပ်ဖို့တောင် ခက်နေပြီ)

ပေ့မင်းဖန် - "အခုအခြေအနေရောက်မှတော့ မင်း စာချုပ်ကို လက်မှတ်မထိုးပဲ ဒီအခွင့်အရေးကောင်းကို တခြားသူတွေဆီ ပေးလိုက်ရင်တောင် သူ့ပရိသတ်တွေက မင်းကို ကျေးဇူးတင်မှာ မဟုတ်ဘူး၊ အဲ့အစား မင်းကို ပိုတောင် လှောင်ဦးမယ်၊ မင်း ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ မင်း ကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့က မင်းကို ဝေဖန်မှာပဲ၊ ဒီအသိုင်းအဝိုင်းထဲ ကျင်လည်ရင်တော့ တစ်နေ့နေ့မှာ မင်း ဟော့ရှီးနဲ့ အတူတွဲအလုပ်လုပ်ရမှာပဲ၊ အလုပ်နဲ့ပဲ သက်သေပြကြတာပေါ့"

GTKWF (Myanmar Translation )Where stories live. Discover now