Chapter 124

1.3K 247 20
                                    

{Unicode}

အပိုင်း ၁၂၄

ယှဉ်တွဲနေထိုင်ခြင်း Variety Show ရိုက်ကူးနေစဉ်အတွင်း ဗိသုကာပညာကို လေ့လာလိုသည်ဟု ရှန့်ချောင် ပြောခဲ့ဖူးကာ ထို့အတွက် အချိန်အတော်ကြာသည်အထိ လှောင်ပြောင်ခံခဲ့ရဖူးသည်။ သို့ရာတွင် ယခုချိန်၌မူ ဗိသုကာပညာရပ်အပေါ် စိတ်ဝင်စားမှုနှင့် နားလည်မှုတို့က သူမ ဤဘာသာရပ်အပေါ် အလွန်အမင်း သဘောကျကြောင်း နက်တစ်ဇင်များအား လက်ခံသွားစေသည်။

ပရိုဂရမ် ပထမပိုင်း ထုတ်လွှင့်ပြီးနောက် လူတိုင်းက ရှန်းနွီ CP ၏ အချိုကျွေးခံရခြင်း မရှိသော်လည်း ထိုထဲမှ ရှန့်ချောင်၏ ပြုမူဆောင်ရွက်ချက်တို့က ပရိသတ်အမြောက်အမြားအား ဆွဲဆောင်လိုက်နိုင်သည်။ ထုတ်လွှင့်မှုအပြီး၌ ထိုအချိန်က ရှစ်ရွှမ်း၏ မဟုတ်တမ်းတရား စွပ်စွဲပြောဆိုမှုများမှာ မည်မျှ အခြေအမြစ်မရှိကြောင်း လူတိုင်း နားလည်သွားသည်။ ရိုက်ကွင်းနောက်ကွယ်မှ တည်းဖြတ်မှုများနှင့် ပြန်ပေးဆွဲခြင်း ကိစ္စများ မရှိခဲ့လျှင်ပင် ရှန့်ချောင်၏ မတရားခံရမှုမှာ ပရိုဂရမ်ထုတ်လွှင့်ချိန်၌ ရှင်းလင်းသွားပေမည်။

ကောလဟလများအား ယုံကြည်ကိုးစား၍ မရကြောင်း နက်တစ်ဇင်များ သုံးသပ်လာကြပြီး အနာဂတ်တွင် ရှန့်ချောင်အား ပေါ့ပေါ့တန်တန် ဝေဖန်ရန် မသင့်ကြောင်း ဆိုလာသည်။

ရိုက်ကွင်းနှစ်ခုအကြား အလုပ်ရှုပ်နေသည့် ရှန့်ချောင်မှာ ရက်ခြားဆိုသလို ပရိသတ်များထံမှ လက်ဆောင်များ လက်ခံရရှိနေသည် - ဓာတုဗေဒမေးခွန်းစာရွက် ပုံးလိုက်များ။

ရှန့်ချောင်၏ weibo အွန်လိုင်းတက်လာပြီး ရှန့်ချောင်က ပိုစ့်တင်လာသည်။

@ရှန့်ချောင် - ငါ့ physics အတွက် အကုန်လေ့ကျင့်ပြီးပါပြီ၊ လေ့ကျင့်ခန်းမေးခွန်းစာရွက်တွေ ထပ်ဝယ်ပေးဖို့ တကယ် မလိုတော့ပါဘူး၊ တောင်းပန်ပါတယ်

လက်တလောတွင် သူမ အလွန်အမင်း အလုပ်များလျက်ရှိပြီး သူမ၏ စာလေ့လာရေးအား ခေတ္တမျှ ဘေးဖယ်ထားရသည်။ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းတစ်ရွက်မျှသာ လုပ်နိုင်သည်။ ပြီးခဲ့သည့်လတွေအတွင်း သူမ၏ ဓာတုဗေဒလေ့လာမှုမှာ အကျိုးသက်ရောက်မှု ရှိလာသည်။ ဤရက်များအတွင်း သူမ ဖြေဆိုသည့် လေ့ကျင့်ခန်း ရမှတ်များမှာ ၇၀၊ ၈၀ ထိ ရောက်ရှိလာသည်။

GTKWF (Myanmar Translation )Where stories live. Discover now