Chapter 148

1.1K 224 36
                                    

{Unicode}

အပိုင်း ၁၄၈

နောက်ဆုံးရလဒ်မှာမူ ဟော့ရှီး လုပ်နိုင်သော်လည်း သူမ မလုပ်နိုင်ချေ။ သူ့ဘက်မှ မည်မျှတွန်းအားပေးပါစေ၊ သူမဘက်က အလျှော့ပေးခြင်းမရှိ။ သူမဘက်မှ စတင်လာခြင်းထက် အချစ်ရေးအား ကြေညာစေခြင်းမှာ ပို၍ ခက်ခဲသည်ဖြစ်ရာ နောက်ဆုံးတွင် သူမဘက်မှ စတင်ခြင်းအား ပြုစေသည်။

နောက်ဆုံးစာမေးပွဲပြီးနောက် သူမ၏ ပထမဆုံးသော ဆောင်းရာသီအားလပ်ရက် ရရှိလာသည်။

ပေ့မင်းဖန်က သူမအား Variety show တစ်ခုတွင် အါဝင်စေရန် စီစဉ်ထားသည်။ မည်သို့ပင်ဆိုစေ ဆောင်းရာသီအားလပ်ရက်မှာ တစ်လမျှသာ ကြာမြင့်ပေမည်။ သူမက လက်တလောတွင်မှ အလုပ်နှင့် ကျောင်းပညာရေးအား ပူးတွဲလုပ်ကိုင်လာသည်ဖြစ်ရာ သူက သူမအား အရင်ဆုံး လိုက်လျောညီထွေဖြစ်စေရန် အချိန်ပေးလိုသည်။

ကြော်ငြာဖိတ်ခေါ်ချက်များကား ရပ်တန့်သွားသည်ဟူ၍ မရှိ။ တဖက်ကုမ္ပဏီများမှ သူမနှင့် စာချုပ်ချုပ်ထားသည့် ပစ္စည်းများအား ဆက်လက် လက်တွဲလုပ်ဆောင်သွားလိုသည့်အပြင် ရာသီသစ်ကုန်ပစ္စည်းများအတွက်ပါ လက်တွဲလိုကြောင်း ဖော်ပြလာသည်။

ထိုကုန်ပစ္စည်းသစ်၏ ဒီဇိုင်းစိတ်ကူးမှာ 'ပြန်လည်ရှင်သန်ထမြောက်ခြင်း' ဖြစ်သည်။ ရှန့်ချောင်၏ တိုးတက်လာမှုမှာ သူတို့ဒီဇိုင်း၏ သဘောထားနှင့် နီးစပ်သည်ဟု ယူဆသည်။

ပေ့မင်းဖန်က စာရွက်စာတမ်းဖိုင်အား လှမ်းယူကာ သူမထံ လှမ်းဆိုသည်။

"ဖုယွီချွမ်းလည်း ဒီ 'Rebirth' စီးရီးနဲ့ အစောကတည်းက အဆက်အသွယ်ရှိတယ်၊ တဖက်လူက သူ့ကို ခေါ်ဖို့ အရင်က စဉ်းစားနေတာ၊ ဒါပေမယ့် မင်းက တင်းဟွာတက္ကသိုလ်ကို အမိုက်စားနည်းလမ်းနဲ့ ဝင်ခွင့်ရသွားတော့ သူတို့အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်နိုင်တယ်၊ ငါ့အမြင်တော့ မင်းက ပိုသင့်တော်တယ်"

ရှန့်ချောင် ဖိုင်ကို ယူကာ လှန်လှောကြည့်သည်။

"ဒါကို ဖြတ်လုတယ် ခေါ်မလား?"

ပေ့မင်းဖန်က လှောင်ရယ်သည်။

"သူက မင်းကို ပြောရဲမလား? နောက်ပြီး ဘရန်းဘက်ကနေ မင်းကို အရင်စဆက်သွယ်တာ၊ သူ့မှာ တခြားလူကို အထင်သေးဖို့ အရည်အချင်း ရှိမနေဘူး"

GTKWF (Myanmar Translation )Dove le storie prendono vita. Scoprilo ora