Chapter 154

1.2K 216 16
                                    

{Unicode}

အပိုင်း ၁၅၄

ဟော့ရှီးထံတွင် ညဘက် အပြေးလေ့ကျင့်သည့် အကျင့်ရှိသည်။ ညစာစားပြီးနောက် ခဏမျှ အနားယူကာ အဝတ်လဲပြီး အပြင်ထွက်မည်ဖြစ်သည်။ ရှန့်ချောင်က တံခါးဝနားတွင် ထိုင်ကာ ခွေးဖြင့် ဆော့နေသည်။ ဟော့ရှီး အပြင်ထွက်မည်ပြုလျှင် သူမက သူ့ခြေထောက်အား လှမ်းဖက်ကာ ခေါင်းမော့၍ မေးသည်။

"အပြေးလေ့ကျင့်မို့လား?"

ဟော့ရှီး ခေါင်းညိတ်ပြကာ သူမက သူ့ခြေထောက်နား ခေါင်းဝှေ့လာသည်။

"ငါလည်း သွားချင်တယ်"

ဟော့ရှီး ရယ်မောကာ

"ပြေးနေတုန်း မြေကြီးပေါ် ထိုင်ချပြီး ဆက်မပြေးတော့ဘူးလို့ ပြောတဲ့သူတွေ လိုက်လို့ မရဘူး"

ရှန့်ချောင်က စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့် လက်သုံးချောင်းထောင်ကာ

"ငါ ဒီတခေါက် ကျိန်းသေ အဆုံးထိ ပြေးမှာ"

ဟော့ရှီး - "မင်း ပြီးခဲ့တစ်ခေါက်ကလည်း အဲ့လို ပြောတာပဲလေ"

ရှန့်ချောင် - "ဟွန်း"

ကြည့်ရှုသူများ - "..........."

[ဟားဟားဟား..... ပြစ်မှုမှတ်တမ်း ရှိနေပါ့လား!]

[ရှန့်ချောင် ဟော့ရှီးခြေထောက်ကို ဖက်ထားတဲ့ပုံက ပါပီလေး သူ့သခင်ကို ချွဲနေတာနဲ့ တူနေသေးတယ် (ငါ ကျိန်ဆဲတာမဟုတ်ဘူး)]

[Uuuuuuuuuuuuuuuuuu..... တအားချဉ်တာပဲ၊ ငါလည်း ငါ့အစ်ကို ခြေထောက်ကို ဖက်ပြီး ကလေးလို ချွဲချင်တယ်]

နှစ်ဦးသားက တခဏကြာ မျက်နှာချင်းဆိုင်နေကြပြီး နောက်ဆုံးတွင် ဟော့ရှီးက အလျှော့ပေးလာသည်။

"အကျီသွားလဲ.. ကိုယ် မင်းကို စောင့်နေမယ်"

ရှန့်ချောင် ချက်ချင်းပင် စိတ်ကျေနပ်ပျော်ရွှင်သွားကာ အတွင်းခန်းဆီ ပြန်ပြေး၍ လေ့ကျင့်ခန်းလုပ်ရန် အဆင်ပြေသည့် အကျီသွားလဲသည်။ ထိုသူနှစ်ဦးနောက်မှ လိုက်ရမည့် ကင်မရာသမားနှစ်ဦးမှာ စိတ်မချမ်းမသာဖြင့် တစ်ဦးကို တစ်ဦး လှမ်းကြည့်သည်။

GTKWF (Myanmar Translation )Where stories live. Discover now