Chapter 52

1.8K 239 14
                                    

{Unicode}

အပိုင်း ၅၂

ရှန့်ချောင် ဇာတ်ညွှန်းကို လှမ်းယူလိုက်ပြီး သူ့ကို အော်လိုက်သည်။

"လူသစ်တွေက Hero အသစ်တွေ စမ်းဖို့ အဆင့်မမှီဘူး"

ရှန်ကျွင့်ယီး - "ဆင်းရဲတဲ့သူတွေပဲ အဆင့်မမှီတာ၊ ငါ သူ့ကို ဝယ်ပြီးပြီ၊ full skin set ရောပဲ"

ရှန့်ချောင် - "...."

(ကျေးဇူးပြုပြီး ငါ့မျက်စိရှေ့ကနေ နင့်ဖုန်းနဲ့တူတူ မြန်မြန်ထွက်သွားပေးပါတော့!!)

တင်းကျန်၏ အချိန်ကိုက်ပေါ်ထွက်လာမှုက သွေးထွက်သံယိုမြင်ကွင်းကို တားဆီးလိုက်နိုင်သည်။ သူမက ရှန့်ချောင်ကို အတွင်းထဲ တွန်းထည့်လိုက်ပြီး အပြုံးဖြင့် လှမ်းဆိုသည်။

"Mr. ရှန်၊ မနက်ဖြန်မနက်ကျ ကျွန်မတို့ ရိုက်ကူးရေးစမှာ၊ ဒီနေ့လယ်ခင်း လေယာဉ်စီးလာတော့ လူတိုင်းက ပင်ပန်းနေပြီ၊ စောစောပြန်နားတာ အကောင်းဆုံးပဲ"

နောက်ဆုံးတွင် ရှန်ကျွင့်ယီး လှည့်ပြန်သွားသည်။

ခဏအကြာတွင် ပေ့မင်းဖန်က ဖုန်းခေါ်လာကာ Hot search ဖြစ်ရပ်မှာ ပရိုဂရမ်အဖွဲ့၏ လက်ချက်ဖြစ်ပြီး လူထုအာရုံစိုက်မှုကို ဆွဲခေါ်နည်းတစ်မျိုးဖြစ်သည်။ သို့သော် မနက်ဖြန်မနက်တွင် သူမအကြောင်းက Hot search တွင် နောက်ရောက်သွားမည်ဖြစ်ပြီး ကျန်းမင်နှင့် ဖန်းကျီ အကြောင်း တက်လာပေမည်။

ဤသည်ကား အကြီးစားထုတ်လုပ်ရေးများ၏ Variety Show များ လုပ်လေ့ရှိသည့် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ရှန့်ချောင် ဝင်စွက်ဖက်ပိုင်ခွင့်မရှိပေ။ အိပ်ရာဝင်ကာ ဇာတ်ညွှန်းလှန်ဖတ်ချိန်၌ အချိန်ဇယားတွင် မည်သည့်ဇာတ်ကြောင်းကိုမှ ရေးသားထားခြင်းမရှိပဲ ကစားနည်းစည်းကမ်းချက်အချို့ကိုသာ ရှင်းပြထားသည်။

[ 1: လူတိုင်းတွင် အသက်တန်ဖိုး ၁၀၀ ရှိပြီး သုညဖြစ်ချိန်တွင် သေဆုံးသည်ဟု ကြေညာခံရကာ သုဿန်မြေတွင် ပိတ်လှောင်ထားခြင်း ခံရမည်]

(ဘယ်လိုမျိုးကြောင့် အသက်တန်ဖိုး လျော့မည်ကိုကား မဖော်ပြထား)

[ 2: အရာဝတ္ထု ၅မျိုးသာ သယ်ဆောင်သွားခွင့်ရှိသည်၊ အသင့်တော်ဆုံးကို ရွေးချယ်ပါ]

GTKWF (Myanmar Translation )Where stories live. Discover now