Chapter 85

1.8K 298 59
                                    

{Unicode}

အပိုင်း ၈၅

တိတ်ဆိတ်နေသည့် လေထုထဲတွင် ဟော့ရှီးက ပထမဦးဆုံး စတင်စကားပြောဆိုသူဖြစ်သည်။

"ဒါရိုက်တာဝမ်၊ ဒီအခန်းကို မနက်ဖြန်မှ ရိုက်ရအောင်၊ ချောင်ချောင်ကို အရင်ပေးနားလိုက်တာပေါ့"

ထို့နောက် သူက ကင်မရာမြင်ကွင်းအပြင်ရှိ ရှောင်တန်ဆီ လှမ်းပြောသည်။

"အဲ့ဒီကမီဒီယာတွေကို ဓါတ်ပုံမရိုက်ဖို့ ပြောလိုက်"

ဒါရိုက်တာဝမ်မှာ ဟော့ရှီးနှင့် ခင်မင်ရင်းနှီးသည့် မိတ်ဆွေ ဆက်ဆံရေးမျိုးရှိသော်လည်း ရှန့်ချောင်၏ 'လောင်ကုန်း' ဟူသော စကားစုကြောင့် ကြက်သေသေသွားရကာ အချိန်အတော်ကြာသည်အထိ နာလန်ပြန်မထူနိုင်ပေ။ စိတ်ဆိုးဒေါသထွက်နေခြင်းပင် မေ့ပျောက်သွားရသည်။

ကြည့်ရှုနေသူအားလုံး၏ အကြည့်တို့မှာ အာရုံစူးစိုက်လျက်ရှိပြီး ထိတ်လန့်အံ့အားသင့်နေကာ သူတို့အကြည့်များက အတင်းအဖျင်းပြောလိုဟန် အပြည့်ပင်။

ထိုတခဏတွင် ရှန့်ချောင် သူမကိုယ်သူမ နှစ်ချက်တည်းဖြင့် အသေရိုက်သတ်ပစ်ချင်စိတ်ပေါက်လာသည်။ သူမဦးနှောက်မှာ ဝေဝေဝါးဝါးဖြစ်နေခြင်းမရှိတော့ပဲ အောက်စီဂျင် ပြတ်လပ်နေခြင်းမျိုးလည်း မရှိတော့။

သူမနှလုံးသားထဲတွင် အတွေးတစ်ခုသာ ကြီးစိုးလျက်ရှိသည် - အရာအားလုံးပြီးဆုံးသွားပြီ။ သူမပါးစပ်ကြောင့် မည်မျှ ပြန်လည်ပေးဆပ်ရမည်နည်း?

ဟော့ရှီးက သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ တီးတိုးဆိုသည်။

"သွားရအောင်"

သူမမျက်နှာမှာ လုံးဝ ဖြူဖျော့လျက်ရှိသည်။

"ကျွန်မ ရှင်းပြလို့ရ...."

သူက ခပ်ဖွဖွပြုံးပြီး

"မလိုဘူး၊ သွားရအောင်"

ရိုက်ကွင်း၌ သူမ တကယ့်ကို ဆက်ရှိနေ၍ မဖြစ်တာမို့ သူမ ခေါင်းငုံ့လိုက်ပြီး ဟော့ရှီးမှ သူမအား ဆွဲခေါ်သွားသည်။ နောက်ဘက်ရှိ မီဒီယာသမားများမှ လိုက်လာလိုသော်လည်း ရှောင်တန်၊ ဖန်းပိုင်နှင့် တင်းကျန်တို့၏ တားဆီးခြင်းကို ခံလိုက်ရသည်။

GTKWF (Myanmar Translation )Where stories live. Discover now