Chapter 133 (2nd version)

1.4K 157 15
                                    

{Unicode}

အပိုင်း ၁၃၃

ကုတင်ဘေးရှိ ညအိပ်မီးရောင်က သူမ၏ သွေးရောင်လွှမ်းနေသော မျက်နှာပေါ် ထင်ဟပ်နေသည်။ သူက လက်ထောက်ထားကာ သူမပါးပြင်ကို ပွတ်သပ်နေရင်း သူ့ခန္ဓာကိုယ်အား တတ်နိုင်သမျှ မြင့်မြင့်မြှောက်ထားလေပြီး အက်ရှနေသည့် အသံဖြင့်

"ချောင်ချောင်... ကိုယ် မင်းကို လိုချင်တယ်"

မျက်ဝန်းတို့ မှိတ်ကျသွားသည်အထိ ဖိကပ်နမ်းလိုက်ပြီးနောက်

"ရမလား?"

ရှန့်ချောင်မှာ နိုးထသွားပုံရကာ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုတစ်မျှင် ဖြတ်ပြေးသွားသည်ကို ဟော့ရှီး ဖမ်းမိလိုက်သည်။

အခုထိ အဆင်သင့်မဖြစ်သေး၊ သူမက ကြောက်ရွံ့နေဆဲ။

သူမမျက်နှာပေါ် ထိတွေ့နေသည့် သူ့လက်ဖဝါးတို့ လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားကာ လက်ဖမိုးပေါ်ရှိ သွေးကြောများမှာ ပေါက်ထွက်လုနီးနီး၊ သို့သော် သူ့လေသံမှာ တိုးဖျော့ ညင်သာနေဆဲ။

"ဒါဆို မင်း ကောင်းကောင်းအိပ်တော့နော်"

သူမနှုတ်ခမ်းပါးတို့အား နမ်းရှိုက်လိုက်ပြီး ထွက်သွားရန် ပြင်သည်။

ရှန့်ချောင်က ရုတ်တရက်ဆိုသလို သူ့လည်ပင်းထက် ဖက်တွယ်လာကာ တဝက်မျှ ကွာဝေးပြီးဖြစ်သည့် သူ့ခန္ဓာကိုယ်အား ဆွဲယူလိုက်ပြီး သူ့အနမ်းအား တုံ့ပြန်လာသည်။

ဟော့ရှီး အနည်းငယ် အံ့အားသင့်သွားသော်လည်း သူမက လက်ဦးမှုယူကာ လျှာထုတ်၍ နှုတ်ခမ်းနှင့် သွားများအား ဂရုတစိုက်ထိတွေ့သည်။ ဝိုင်ရနံ့ဖျော့ဖျော့က သူ့အား ဇာပါးသဖွယ် ရစ်ပတ်နှောင်ဖွဲ့လာခဲ့ပြီးနောက် သူက တိတ်တဆိတ် ရယ်မောသည်။

'ဖျောက်' မြည်သံနှင့်အတူ အလင်းရောင် ပျောက်ကွယ်သွားကာ အခန်းတစ်ခုလုံး အမှောင်ကျသွားသည်။ အနည်းငယ်လှစ်ဟနေသည့် ကန့်လန့်ကာစများအကြားမှ လရောင်မျှင်မျှင်သာ ဖြာကျနေပြီး သူ့မျက်ခုံးများကိုပင် သဲသဲကွဲကွဲ မမြင်ရချေ။

သူ့ကိုယ်သင်းရနံ့၊ လှုပ်ခတ်နေသည့် လိုအင်ဆန္ဒရမ္မက်၊ ချွေးသီးချွေးပေါက်တို့သည်ပင် ညို့ငင်ရီဝေနိုင်စွမ်း၏။

GTKWF (Myanmar Translation )Where stories live. Discover now