Chapter 147

1.2K 216 28
                                    

{Unicode}

အပိုင်း ၁၄၇

ည ဆယ့်တစ်နာရီ ထိုးခါနီးအချိန်တွင်မှ လူတစ်စုက ဟိုတယ်အတွင်းမှ ပြန်ထွက်လာသည်။ ကားပေါ် တက်ပြီးနောက် ရှန့်ချောင်အား အရင်ဆုံး ပြန်ပို့ရန် စီစဉ်သည်။ သူမ လက်တလောတွင် ဟော့ရှီးအိမ်၌ နေနေသည်ကို ပေ့မင်းဖန်သိသည်မို့ ထိုနေရာလိပ်စာအား ဒရိုင်ဘာထံ လှမ်းပြောပြသည်။

မုန့်ရှင်းချန် - "အိမ်ပြောင်းသွားတာလား?"

ရှန့်ချောင် အနည်းငယ် ရှက်ရွံ့သွားကာ ပေ့မင်းဖန်က သူမထံ လှမ်းကြည့်ရင်း

"ဟော့ရှီးအိမ်လေ"

မုန့်ရှင်းချန်မှာ သူတို့၏ ဆက်ဆံရေးအကြောင်းကို ပေ့မင်းဖန်ထံမှ အချိန်အတော်ကြာကတည်းက သိရှိပြီးဖြစ်သည်။ သူတို့ အတူနေနေကြောင်း ကြားသိရချိန်တွင် အံ့အားတကြီး မျက်ခုံးပင့်လာသည်မှတပါး စကားတစ်ခွန်း မဆိုချေ။

ညအချိန်တွင် ကားလမ်းပိတ်မှု သိသိသာသာ လျော့ကျသွားကာ သူတို့နောက်မှ လိုက်လာသည့်ကားအား နောက်ဆုံးတွင် သတိပြုမိသွားသည်။

ရှန့်ချောင် ခပ်မြန်မြန်ပင် ကားပြန်ကွေ့ရန် ဖန်းပိုင်အား ဆိုလိုက်ကာ ဟော့ရှီးအိမ်အစား သူမအိမ်ထံ ပြန်ရန်သာ လှမ်းပြောသည်။

အိမ်အထိ မောင်းနှင်လာပြီးနောက် ပါပါရာဇီ၏ ကားသည်လည်း နောက်ပါးဆီမှ ကပ်ပါလာခဲ့သည်။ ရှန့်ချောင် ကားထဲရှိ လူများအား နှုတ်ဆက်ကာ ကားပေါ်မှ ဆင်း၍ ဓါတ်လှေကားအတွင်းသို့ အလောတကြီး ဝင်ရောက်သွားသည်။ ထောင့်အကွယ်ရှိ ကားထံ အချိန်အတော်ကြာ မုန့်ရှင်းချန် စိုက်ကြည့်နေပြီးမှ ပေ့မင်းဖန်ထံ လှမ်းမေးသည်။

"ဘယ်လိုလုပ်မလဲ?"

ပေ့မင်းဖန် ခေါင်းယမ်းရင်း

"သူတို့ ဓါတ်ပုံရိုက်လို့ မရလိုက်ဘူး၊ ငါ သွားပြီး သူတို့ပစ္စည်းတွေ အပ်ဖို့ ပြောလို့လည်း မရဘူးလေ၊ ငါ အနားမရောက်ခင်ကို ကျိန်းသေပေါက် ထွက်ပြေးသွားမှာ... ထားလိုက်တော့၊ သွားရအောင်"

ကားထွက်ခွါသွားပြီးနောက် ရှန့်ချောင်သည်လည်း သူမအိမ်ရှိရာဆီ ပြေးတက်သွားသည်။ သူမ ဖိနပ်လဲပြီးသည်နှင့် သူမ အခုထိ ဘာလို့ ပြန်မလာရသေးတာလဲဟု လှမ်းမေးသည့် ဟော့ရှီးထံမှ ဖုန်း လက်ခံရရှိသည်။ ရှန့်ချောင်မှာ ထိတ်လန့်နေဆဲဖြစ်ကာ လမ်းပေါ်တွင် ကြုံတွေ့ခဲ့ရသည့် ပါပါရာဇီအကြောင်း ပြောပြသည်။

GTKWF (Myanmar Translation )Where stories live. Discover now