Chapter 43

1.9K 273 37
                                    

{Unicode}

အပိုင်း ၄၃

လျန်ရှောင်ထန်မှာ ကြောက်ရွံ့လွန်းလှသဖြင့် သူမတစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေမှုကြောင့် ဒီအခြေအနေတွင် အလုပ်ဆက်လုပ်ရန် မဖြစ်နိုင်တော့တာမို့ ရှန့်ချောင်က သူမကို အသံသွင်းစတူဒီယိုဆီ ခေါ်သွားသည်။

ဝန်ထမ်းများကား ပြန်မလာကြသေးချေ။ ထို့ကြောင့် တစ်ခန်းလုံးတွင် သူမတို့နှစ်ဦးတည်းသာ ရှိသည်။ ရှန့်ချောင် သူမအတွက် ရေနွေးတစ်ခွက် ဌဲ့ထည့်ပေးလိုက်ကာ ခပ်တိုးတိုးမေးသည်။

"နင် ခဏလောက် တစ်ယောက်ထဲ နေဖို့ လိုလား?"

လျန်ရှောင်ထန်က တိတ်တဆိတ် ခေါင်းညိတ်ပြသည်။

"အိုကေ၊ ငါ အပြင်မှာ ရှိနေမယ်"

သူမ တံခါးဆွဲဖွင့်ကာ အပြင် ထွက်လာသည်။

ဖန်းပိုင်က ကော်ရစ်ဒါတွင် ဒါရိုက်တာ၏ လက်ထောက်ထံ ယခုလေးတင်ဖြစ်ပျက်ခဲ့သည်ကို ရှင်းပြနေသည်။ သူတို့နှစ်ယောက်စလုံးမှာ ငယ်ရွယ်သူများဖြစ်သည်မို့ လွယ်လင့်တကူ ဒေါသထွက်လာသည်။ ရှန့်ချောင် အပြင်ထွက်လာသည်ကို မြင်လျှင် နှစ်ယောက်လုံး အလောတကြီး မေးလာသည်။

"ကောင်မလေး ဘယ်လိုနေလဲ? အစ်မ တကယ်ပဲ ရဲမခေါ်ဘူးလား?"

"သူက ရဲမတိုင်ချင်ဘူး၊ လောလောဆယ်ခဏလောက် သူ စိတ်ငြိမ်သွားအောင် စောင့်ရအောင်"

ဖန်းပိုင် သူမထံ ခဏမျှ စိုက်ကြည့်နေပြီး နောက်ဆုံးတွင် မနေနိုင်ပဲ ဘေးနားဆွဲခေါ်ကာ မေးသည်။

"အစ်မချောင်ချောင်၊ သူက ရှီးကွမ်းမို့လို့ အစ်မ ကူညီတာလား?"

အချိန်တခဏမျှ ရှန့်ချောင် အံ့အားသင့်သွားရပြီး ချက်ချင်း ပြန်မဖြေချေ။ ရှန့်ချောင် ကြမ်းပြင်ဆီ ငုံ့ကြည့်ပြီးမှ တိုးတိုးပြန်ဖြေသည်။

"ရှောင်ပိုင်၊ နင် ပြင်းထန်တဲ့ ကူကယ်ရာမဲ့ အခြေအနေမျိုး ကြုံဖူးလား? အဲ့ဒါက... ထွက်လမ်းမရှိပဲ ပိတ်မိနေပြီး တခုထဲသော လမ်းကလည်း ငရဲဆီသွားတဲ့လမ်းဖြစ်နေတာ"

ဖန်းပိုင် တွေးတောလိုက်ကာ ခေါင်းယမ်းသည်။

"ငါ့အတွက် အဆိုးဆုံးအချိန်က အထက်တန်းကျောင်းနောက်ဆုံးနှစ်ပဲ"

GTKWF (Myanmar Translation )Where stories live. Discover now