Chapter 105

1.6K 326 122
                                    

{Unicode}

အပိုင်း ၁၀၅

ဟော့ရှီးက သူမအား ထပ်မံနမ်းရှိုက်လာသည်။

သို့ရာတွင် ဤတစ်ကြိမ်တွင်မူ ခပ်ဖွဖွနမ်းရှိုက်လာသည်မှာ ပုစဉ်းရင်ကွဲတစ်ကောင်က ရေမျက်နှာပြင်ထက် ဖွဖွထိတွေ့လာသမျိုး။ ရှန့်ချောင်မျက်နှာတစ်ခုလုံး နီစွေးသွားရသည်။ သူက သူမဦးခေါင်းထံ ထိတွေ့လာကာ ပြုံးရင်း ကြမ်းပေါ်မှ သူမအား ဆွဲထူသည်။

ဘေးပတ်လည်တွင် မှောင်မဲနေဆဲဖြစ်ကာ သူမနှလုံးသားမှာ အကြမ်းပတမ်းလှုပ်ခါလျက်ရှိသည်။ ရှန့်ချောင်က လေသံတိုးတိုးဖြင့် မေးမြန်းသည်။

"ဟော့ရှီး ရှင် ဘာဆက်လုပ်မှာလဲ?"

သူက ခပ်ဖွဖွရယ်မောလာရင်း

"မင်း ဘာလုပ်ချင်လို့လဲ?"

သူမစကားထဲတွင် ထင်ယောင်ထင်မှားဖြစ်စေသည့် အရိပ်အယောင်များ ပါဝင်နေကြောင်း သတိပြုမိသွားကာ နားရွက်ဖျားတို့ နီရဲသွားရပြီး ထစ်ငေါ့စွာ ဆိုသည်။

"ကျွန်မ... ကျွန်မ လမ်းသွားလျှောက်ချင်တယ်"

ဟော့ရှီး ခေါင်းငုံ့ကာ သူမလက်ကို ဆွဲယူလိုက်ပြီးနောက် သူမလက်ဖဝါးတစ်ခုလုံးကို သူ့လက်ထဲ ဆုပ်ထွေးလိုက်ရင်း

"ဒါဆို သွားကြမယ်"

သူမ၏ လက်ဖဝါးငယ်မှာ တုန်ယင်သွားရပြီး လက်ဖျားထိပ်မှစကာ နှလုံးသားထဲထိတိုင်အောင် ထုံကျင်သွားရသည်။ သူမခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက်ဖြစ်ပေါ်လာသော ချိုမြိန်မှုနှင့် ပျော်ရွှင်မှုကြောင့် အံ့အားသင့်သွားရပြီး အသိစိတ်ထဲတွင် များများစားစား မတွေးတောနိုင်ပေ။ သူတစ်ဦးတည်းသာ သူမစိတ်ထဲ စိုးမိုးထားလျက်ရှိသည်။

ဟော့ရှီး သူမလက်ကို လွှတ်လိုက်ကာ သူ့အိတ်ထဲမှ mask ထုတ်တပ်လိုက်ပြီးနောက် သူမဘက်လှည့်ကာ သူ့ဦးထုပ်ကို သူမခေါင်းပေါ် ဆောင်းပေးလိုက်သည်။ ဦးထုပ်အရွယ်အစားမှာ ပိုကြီးမားနေပြီး အနားစွန်းက အောက်ငိုက်ကျနေကာ သူမမျက်နှာအစိတ်အပိုင်းအတော်များများအား ဖုံးအုပ်သွားသည်။

GTKWF (Myanmar Translation )Место, где живут истории. Откройте их для себя