Chapter 24

1.9K 235 20
                                    

{Unicode}

အပိုင်း ၂၄ | အိုင်ဒေါလ်ကြည့်ရတာ ဒေါသထွက်နေတယ်

ဆေးသွင်းထားတာ ကုန်သွားချိန်တွင် ဟော့ရှီး သူနာပြုတစ်ယောက်ကို ခေါ်ကာ အပ်ဖြုတ်ခိုင်းလိုက်သည်။ အပ်ဖြုတ်ပြီးသည်နှင့် သူနာပြုအချို့က တစ်ယောက်နှင့်တစ်ယောက် တွန်းတိုက်ကာ ဟော့ရှီးထံ လျှောက်လာသည်။

"တဆိတ်လောက် ရှင် ကျွန်မတို့ကို လက်မှတ်ထိုးပေးလို့ ရမလား?"

ဟော့ရှီး ခေါင်းညိတ်သည်။

သူတို့လက်မှတ်ရပြီးနောက် သူနာပြုအားလုံး ပျော်ပျော်ရွှင်ရွှင် ထွက်သွားဖို့ ပြင်ချိန်တွင် ရှန့်ချောင် လှမ်းတားလိုက်သည်။

"သူနာပြုအစ်မ၊ ကျွန်မကို ဘောပင်ခဏဌားပါလား?"

ဘောပင်ရပြီး သူနာပြုပြန်ထွက်သွားချိန်၌ ရှန့်ချောင် ကုတင်ပေါ်မှ ခုန်ထကာ အကျီချိတ်တွင် ချိတ်ထားသော သူမကုတ်အကျီကို လှမ်းယူကာ အတွင်းအိတ်ထဲမှ သူမပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်။

သူမဘာလုပ်နေမှန်း ဟော့ရှီးတွေးနေစဉ်မှာပင် ရှန့်ချောင်က အနားကပ်လာကာ သူ့ထံ ရှက်ရှက်ရွံ့ရွံ့ဖြင့် ဓါတ်ပုံကမ်းပေးလာသည်။

"ကျွန်မရော"

? ? ?

ယင်းမှာ သူ့ဓါတ်ပုံဖြစ်သည်။ နောက်ဆုံးရှိုးပွဲတွင် ရိုက်ယူထားသည့် စတိတ်စင်မှ ပုံဖြစ်သည်။ သူက အဖြူရောင်ဝတ်စုံဖြင့် မီးရောင်အောက်တွင်ရပ်နေပြီး လက်နှစ်ဖက်ဖြင့် မိုက်ခရိုဖုန်းကိုင်ထားကာ ခေါင်းအနည်းငယ် စောင်းငဲ့နေသည်။ ဒီတခေါက်ရှိုးပွဲတွင် ရှန့်ချောင်၏ အကြိုက်ဆုံးဝတ်စုံဖြစ်သည်။ သူ့ပုံစံက မင်းသားငယ်ပမာဖြစ်ပြီး လရောင်ထက်ပင် ပို၍ သန့်စင်သည်။ နောက်ဆုံးတခေါက် ရှန့်အမေထံ သူမပြန်ချိန်က အကြိုက်ဆုံးဓါတ်ပုံတစ်ပုံကို သူမ ရွေးထုတ်ပြီး မြို့ထဲရှိ ဓါတ်ပုံစတူဒီယိုတွင် ပရင့်ထုတ်ကာ ထိုအချိန်ကတည်းက ပိုက်ဆံအိတ်ထဲ ထည့်သယ်လာခြင်းဖြစ်သည်။

ဟော့ရှီးက ရှုပ်ထွေးတဲ့ မျက်နှာဖြင့် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။

GTKWF (Myanmar Translation )Where stories live. Discover now