Chapter 93.1

1.5K 265 30
                                    

{Unicode}

အပိုင်း ၉၃.

ညစာကို ဟော့ရှီးနှင့် အတူစားမြဲဖြစ်သည်။

ရိုက်ကူးရေးအဖွဲ့သို့ ဝင်ရောက်ပြီးချိန်မှစ၍ ဟော့ရှီးက ညစာစားချိန်တိုင်း သူမထံ လာလေ့ရှိကာ တစ်ခါတစ်ရံ ရှောင်တန့်အား ဝယ်ခိုင်းပြီး တခါတလေ တင်းကျန်က ဝယ်ယူပေးသည်။ ခရမ်းသီးမှလွဲ၍ သူမတို့အကြား အကြိုက်တူညီလေ့ရှိသည်။ ဤကဲ့သို့ အချိန်အတော်ကြာပြီးနောက် ညစာစားရန် ဟော့ရှီး သူမထံ မလာလျှင် ရှန့်ချောင်ခမျာ နေမထိထိုင်မသာပင် ဖြစ်ရသည်။

အလေ့အကျင့်ဆိုသည်ကား အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ကောင်းပေသည်။

တောင်ပေါ်တွင် ရက်အတော်ကြာ အစားကောင်းကောင်းမစားခဲ့ရသည်မို့ တင်းကျန်နှင့် ဖန်းပိုင်က ဟင်းပွဲများများ မှာယူကာ ထမင်းစားပွဲသို့ ယူဆောင်လာသည်။ သူတို့ ညစာ စားနေချိန်တွင် ရှောင်တန့်က လက်ထဲ ဖုန်းကိုင်ထားလျက် ပြေးလာပြီး တိုးတိုးလှမ်းပြောသည်။

"Fashion Star က လူတွေက ကောနဲ့ ကိုယ်တိုင်ပြောမယ် ပြောနေတယ်၊ ဖုန်းကောက လော့ကောဆီ ရောက်သွားသေးတယ်"

ရှန့်ချောင်က တူကိုက်ထားလျက် မျက်နှာပေါ်တွင် စူးစမ်းလိုဟန်မှာ အထင်းသား။ ဟော့ရှီးက သူမထံ ငါးအသားထည့်ပေးရင်း မျက်လုံးပင် မော်မကြည့်။

"သူတို့အားလုံးကို ငြင်းပြီးပြီမလား? ငါ ရိုက်ကူးရေးဝင်နေတာ၊ ထွက်လို့မရဘူး၊ ဖုန်းထပ်မဆက်ဖို့ ပြောလိုက်"

"ဒါက ကျူး ကျဲ၊ ကော တကယ်ပဲ ဖုန်းမဖြေဘူးလား?"

ဟော့ရှီး တုံ့သွားကာ အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် လက်ကမ်းလိုက်သည်။ ရှောင်တန့်က သူ့ထံ ခပ်မြန်မြန်ပင် ဖုန်းပေးလာသည်။

အခန်းတွင်း တိတ်ဆိတ်နေကာ သူမတို့ နှစ်ဦးကြား အကွာအဝေးမှာ နီးကပ်လွန်းလှသဖြင့် ဖုန်းထဲမှ စကားသံကို ပြတ်ပြတ်သားသား ကြားနေရသည်။

"ရှောင်ရှီး ဖုန်းကိုင်ပါဦး"

ဟော့ရှီး ပြုံးလိုက်ကာ

"ရိုက်ကူးရေးက အလုပ်များနေလို့၊ တောင်းပန်ပါတယ်"

"ရှောင်ရှီး၊ ကျဲ မင်းဆီ ဒီဖုန်းခေါ်ရတဲ့ အကြောင်းရင်းကို မင်းသိပါတယ်၊ မင်းကလွဲပြီး ဘယ်သူမှ တာဝန်ယူနိုင်မယ့် နည်းလမ်းမရှိလို့၊ သေခြင်း၊ ရှင်ခြင်းနဲ့ ပတ်သက်ရင် ဘယ်လိုလုပ် အတင်းလုပ်ယူလို့ ရမှာလဲ? ရှန်ကျွင့်ယီးက သူ့ဇာတိမြေကို နာရေးအတွက် ပြန်ရမယ်ဆိုတော့ အတင်းဆွဲထားလို့ မဖြစ်ဖူးလေ"

GTKWF (Myanmar Translation )Donde viven las historias. Descúbrelo ahora