Chapter 59

1.8K 282 13
                                    

{Unicode}

အပိုင်း ၅၉

နောက်တနေ့ မနက်ခင်းတွင် ဖန်းပိုင်က သူမကို အချိန်မှန် လာကြိုသည်။

ရှန့်ချောင် မှန်ထဲ နှစ်ကြိမ်မျှ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း အခြေအနေကား သိပ်မကောင်းလှ။ သူမ နေမကောင်းဖြစ်နေခြင်း မဟုတ်မှန်း ဖန်းပိုင် သိနှင့်ပြီးဖြစ်ကာ လှမ်းအော်သည်။ ရှန့်ချောင်က စကားလုံးတစ်လုံးချင်းဆိုကာ ခြိမ်းခြောက်လိုက်သည်။

"ငါ ရှိုးပွဲကြည့်ဖို့ ကွမ်ကျိုးကို တိတ်တိတ်လေး ခိုးသွားတဲ့အကြောင်း ပေ့မင်းဖန်ကို ပြောပြရင် နင်အသေပဲ!"

ရှန့်ချောင်က ဖန်းပိုင်ထံ အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက်

"သူ သိသွားရင် ကျိန်းသေ နင်ပြောလို့ပဲ၊ ငါ နင့်ကို အသေလုပ်မှာ"

ဖန်းပိုင် - "......"

ဖန်းပိုင်၏ နှလုံးသားမှာ ခါးသီးသွားရ၏။

ပေ့မင်းဖန်က ကားထဲတွင် သူမကို စောင့်နေပြီး သူမအတွက် မနက်စာပေါ့ပေါးပါးပါးကိုပင် ပြင်ဆင်ပေးထားသည်။ ရှန့်ချောင် ကားပေါ်သို့ တက်လာချိန်တွင် သူက စကားစသည်။

"အသံဘယ်လိုလဲ? စကားနှစ်ခွန်းလောက် ပြောကြည့်"

ရှန့်ချောင် - "အာ အာ အာ"

ပေ့မင်းဖန် - "......"

ရှန့်ချောင် ပါးစပ်ပိတ်သွားသည်။

ကားက Red မဂ္ဂဇင်းတိုက်တည်ရှိရာနေရာဆီ ဦးတည်ပြေးလွှားနေသည်။ ရောက်ရှိချိန်တွင် မဂ္ဂဇင်းတိုက်ဓါတ်ပုံဆရာက ပစ္စည်းကိရိယာများကို ချိန်ညှိနေပြီးဖြစ်ကာ ဝတ်စုံမှာလည်း အဆင်သင့်ပင်။

အချပ်ပိုစာမျက်နှာမှာ မဂ္ဂဇင်းတိုက်၏ Stylist အတွက် အထူးတလည် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ Red မဂ္ဂဇင်းမှာ နောက်ဆုံးပေါ်ဖက်ရှင်မဂ္ဂဇင်းဖြစ်ပြီး သူမ ဝတ်ဆင်ရမည့် ဝတ်စုံများမှာလည်း လက်ရှိတွင် ခေတ်အစားဆုံး Luxury ဝတ်စုံများဖြစ်သည်။ မိတ်ကပ်ပညာရှင်က သူမ၏ လှိုင်းတွန့်ဆံနွယ်တွေကို ဖြောင့်လိုက်ပြီး အလယ်ခွဲလိုက်သည်။ ထို့နောက် အိုင်းလိုင်နာကို အသုံးပြုကာ မျက်ဝန်းတို့ကို ရှည်မျောမျောဖြစ်စေပြီး အိုင်းရှဲဒိုးကို အသားပေးအရောင်တင်ကာ နူးညံ့ချစ်စဖွယ်ကောင်းသည့် သူမ၏ ပုံရိပ်ကို ထက်မြက်သည့်အသွင် ပြောင်းလဲပေးလိုက်သည်။

GTKWF (Myanmar Translation )Where stories live. Discover now