Chapter 149.1

1K 214 28
                                    

{Unicode}

အပိုင်း ၁၄၉.

နားနေခန်းသို့ ရောက်ရှိချိန်တွင် ပေ့မင်းဖန်ရော တင်းကျန်ပါ အလျှင်အမြန်ရောက်ရှိလာသည်။ ဟော့ရှီးက ရှန့်ချောင်အား ထိုင်ခုံပေါ် ထိုင်စေကာ သူကိုယ်တိုင်ကမူ ဒူးထောက်၍ သူမ ဒဏ်ရာရသွားခြင်းရှိမရှိ စစ်ဆေးသည်။

ရှန့်ချောင်မျက်ဝန်းတို့ နီရဲနေကာ ဒေါသတကြီးဆိုလာသည်။

"အဆင်ပြေတယ်... နည်းနည်း လန့်သွားရုံပဲ"

ချော်ကျမှုကြောင့် ဒူးခေါင်းပွန်းပဲ့သွားခြင်းနှင့် အနည်းငယ် နီမြန်းနေခြင်းမှလွဲ၍ ကျန်နေရာအားလုံး အဆင်ပြေသည်။ ထိုအခါမှသာ ဟော့ရှီး စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ ပေ့မင်းဖန် ရောက်လာသည်ကို မြင်လျှင် အသံနက်နက်ဖြင့် စကားစသည်။

"အခုလေးတင် စီစဉ်သူတွေ ဖမ်းချုပ်ထားတဲ့ လူကို သွားရှာ၊ လုံးဝအလွတ်ပေးလို့ မရဘူး...ကျိန်းသေပေါက် နောက်ကွယ်က ခိုင်းတဲ့သူကို ထုတ်ပြောစေရမယ်"

လက်ရှိရှိနေသည့် လူများမှာ အနုပညာလောကထဲ နှစ်ပေါင်းများစွာ ကျင်လည်လာသူများဖြစ်သည့်အလျောက် အစွန်းရောက်ဖန်ဟူသည့် အကြောင်းပြချက်မှာ သူတို့အား မယုံကြည်နိုင်စေပေ။ ရှန့်ချောင် အဆင်ပြေကြောင်း ပေ့မင်းဖန် အတည်ပြုပြီးမှသာ ခေါင်းညိတိ၍ မဲမှောင်သည့်မျက်နှာဖြင့် ထွက်ခွါသွားသည်။

ဟော့ရှီးက လေသံဖွဖွဖြင့် ရှန့်ချောင်အား နှစ်သိမ့်စကားဆိုနေဆဲတွင် တင်းကျန်က သူမဖုန်းကို ခပ်မြန်မြန်ထုတ်ယူကြည့်လာသည်။ သူမက သက်ပြင်းတစ်ချက်ရှိုက်ရင်း

"အချစ်ရေးသတင်း ပေါ်သွားပြီ၊ Weibo ဆာဗာကျသွားပြီ၊ နက်တစ်ဇင်တွေအားလုံး ပွက်လောရိုက်နေပြီ"

ရှန့်ချောင် - "......."

သူမ စကားမဆိုနိုင်ခင်မှာပင် ပွဲအခမ်းအနားမှ စီစဉ်သူများက ဆရာဝန်နှင့်အတူ ရောက်ရှိလာကာ တောင်းပန်စကားဆိုရင်း စစ်ဆေးပေးလာရာ တခဏမျှ ရှုပ်ထွေးသွားသည်။

ရှောင်တန့်က ဖုန်းခေါ်၍ လှမ်းမေးသည်။

"ဘောစ့်၊ ဆက်ဆံရေးဖော်ထုတ်လိုက်မှုအတွက် ကြိုပြင်ထားတဲ့ PR အစီအစဉ်ကို စသုံးတော့မလား?"

GTKWF (Myanmar Translation )Where stories live. Discover now