Chapter 136

1.3K 260 18
                                    

{Unicode}

အပိုင်း ၁၃၆

နွေရာသီသို့ ချဉ်းနင်းဝင်ရောက်လာသည်နှင့် ရှန့်ချောင်နှင့် ဟော့ရှီးမှာ အကြိမ်ရေအနည်းငယ်မျှသာ ဖုန်းပြောဖြစ်ကြသည်။ 'Blind Gun' အား အခြေတည်ထားသည့် နောက်ခံဇာတ်လမ်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံလက်ထက် စစ်မက်ဖြစ်ပွါးရာအချိန်ဖြစ်သည်။ ဟော့ရှီး သရုပ်ဆောင်ထားသည့် ချန်းရမ်ထု ဇာတ်ကောင်မှာ ဓားမြခေါင်းဆောင်ဖြစ်သည်။ ဇာတ်ကားရိုက်ကူးရာ နေရာမှာ အခြေခံအားဖြင့် တောင်တန်းများအကြား တောနက်ထဲတွင် ဖြစ်သည်။ ဆက်သွယ်ရေးမှာ အားနည်းလှပြီး ဗီဒီယိုကောလ် ပြောရန် မဆိုထားနှင့် ဖုန်းလိုင်းသည်ပင် ပြတ်တောင်း ပြတ်တောင်း။

ရှန့်ချောင်က သူမ အိမ်သာသွားချိန်တွင် ဖုန်းခိုးယူသွားကာ အိမ်သာကြွေကမုတ်ပေါ် ဆောင့်ကြောင့်ထိုင်ရင်း Super topic ထဲ ဝင်ကြည့်ပြီးနောက် စတူဒီယို၏ Weibo မှတဆင့် ဟော့ရှီး၏ နောက်ဆုံးထွက် Stills များအား ဝင်ကြည့်သည်။

သူက အတော်လေး အသားညိုသွားကာ ဆံပင်ပုံမှာ တိုကပ်ကပ်၊ သူ့မေးရိုးများမှာ ပို၍ ထင်းရှင်းလာပြီး မျက်နှာသွင်ပြင်ကား သွေးရောင်လွှမ်းလျက်ရှိသည်။ ယခင်က သူ့ပုံပန်းမှာ နတ်ဘုရားတစ်ပါးနှယ် ဖြစ်လျှင် ယခုအခါ၌ နတ်ဆိုးတစ်ပါးနှယ် အလွန်အမင်း ချောမော၍ ယောကျ်ားပီသသည်။

ရှန့်ချောင်မှာ သူ၏ အေးစက်စက် အကြည့်များထဲ နစ်ဝင်မတတ်ဖြစ်ကာ သူမကျူတာက ပေ့မင်းဖန်ထံ လှမ်းပြောသည်ကို ကြားလိုက်ရသည်။

"ရှောင်ချောင် အိမ်သာထဲ ဝင်နေတာ မိနစ် ၄၀ ရှိနေပြီ"

ပေ့မင်းဖန် - "ရှန့်ချောင်!! မင်း အိမ်သာထဲမှာ ဖုန်းခိုးသုံးနေပြန်ပြီလား?"

ရှန့်ချောင် - "..........."

ပုံထပ်နေသည့် မက်ဆေ့ချ်များကို ခပ်မြန်မြန်စာပြန်လိုက်ပြီးနောက် တရားဝင် ဘလော့ဂ့်အနည်းငယ်ကို ဖတ်ကာ မျှော်လင့်ထားသည်များကို ပြောပြသည်။ လပေါင်းများစွာ Weibo ပေါ် ပိုစ့်မတင်ခဲ့သည့် အားဖူက နောက်ဆုံး၌ အသက်ပြန်ဝင်လာလေပြီ။ ရှီးကွမ်းများ တစ်ယောက်ပြီးတစ်ယောက် ကွန်မန့်ပေးလာကြသည်။

GTKWF (Myanmar Translation )Where stories live. Discover now