Chapter 14

2.1K 273 18
                                    

{Unicode}

အပိုင်း ၁၄ | သူငယ်ချင်းထက် အချစ်ကို ဦးစားပေးတဲ့ ကောင်မစုတ်လေး

ရှန့်ချောင် ဤမျှထိ လှမှန်း သူတို့ မသိခဲ့ပေ။

အထူးသဖြင့် လရောင်အောက်တွင် တောက်ပနေတဲ့ မျက်ဝန်းများက အပြုံးများကို ညို့ငင်ယူထားနိုင်သည်။

ရှေ့သို့ လျှောက်လာတဲ့ ရှန့်ချောင်ဆီ အခမ်းအနားမှူးက ရွှေရောင်မာကာ ကမ်းပေးလိုက်သည်။ သူမ ကျေးဇူးတင်စကားဆိုလိုက်ကာ နောက်လှည့်ပြီး လက်မှတ်ထိုးလိုက်သည်။ ယခင်က သူမ လက်ရေးလှလေ့ကျင့်ခဲ့ဖူးကာ မူလကိုယ်၏ လက်ရေးကို တုပကာ လေ့ကျင့်ခဲ့ပြီးဖြစ်သည်။

လက်မှတ်ထိုးပြီးသည်နှင့် စီစဉ်သူက မိုက်ခရိုဖုန်းကမ်းပေးလာကာ အခမ်းအနားမှူးက စကားစသည်။

"ရှန့်ချောင်၊ ရောက်ရှိနေတဲ့ မီဒီယာတွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်ပေးပါဦး"

သူမ နှုတ်ခမ်းတို့ ကွေးညွှတ်လိုက်ပြီး

"အားလုံးပဲ မင်္ဂလာညနေခင်းပါ၊ ကျွန်မနဲ့အတူ အားလုံး ကောင်းမွန်တဲ့ ညနေခင်းကို ပိုင်ဆိုင်ဖို့ မျှော်လင့်ပါတယ်"

သူမ ကင်မရာဆီ စူးစိုက်ကြည့်ပြီးနောက် မျက်တောင်ခတ်လိုက်ကာ

"အထူးသဖြင့် ကျွန်မ ဒီမှာ ရှိနေဖို့ မမျှော်လင့်ထားတဲ့သူတွေအတွက်ပါ၊ ကောင်းမွန်တဲ့ ညခင်းနဲ့ အိပ်မက်လှလှမက်ဖို့ ကျွန်မ စိတ်ရင်းနဲ့ ဆန္ဒပြုပါတယ်"

သူမ ကော်ဇောနီလျှောက်ဖို့ အစီအစဉ်ကို ရှင်းယောင်မီဒီယာက ဖျက်သိမ်းဖို့ ဒီနေ့ နေ့လည်ခင်းက ကြိုးစားခဲ့မှန်း အခမ်းအနားမှူးက သိပြီးဖြစ်သည်။ သူမ တခုခု ပြောလိုက်မည်ကို စိုးရိမ်ကာ အခမ်းအနားမှူးက ရှေ့တိုးလာပြီး စကားလမ်းကြောင်းပြောင်းသည်။

"ဒီနေ့ညမှာ မိန်းမချောတွေနဲ့ ခန့်ညားတဲ့ ယောကျာ်းသားတွေကို တနေရာထဲ တွေ့မြင်ရတာ တကယ်ကောင်းတာပဲ၊ မင်းမှာ ဆုပေးပွဲအတွက် မျှော်လင့်ထားတာမျိုးများ ရှိလား?"

"ဟင့်အင်း၊ မရှိဘူး၊ ကျွန်မသရုပ်ဆောင်ပုံကို အားလုံးလဲ သိမှာပါ၊ တိုးတက်ဖို့ အများကြီး ကြိုးစားရပါဦးမယ်၊ ကျွန်မ အကောင်းဆုံးကြိုးစားမှာပါ"

GTKWF (Myanmar Translation )Where stories live. Discover now