Chapter 40

2K 295 45
                                    

{Unicode}

အပိုင်း ၄၀

ရှန့်ချောင်၏ ဦးနှောက်ခမျာ ခဏလောက် လောကနှင့် အဆက်အသွယ်ပြတ်သွားရသည်။

(သူမအိုင်ဒေါလ် ဘာလုပ်နေတာလဲ? သူမခေါင်းကို ပွတ်နေတာလား? ဘာလို့ သူမခေါင်းကို ကိုင်နေတာလဲ? သူမခေါင်းကိုင်ရတာ သက်သောင့်သက်သာရှိလို့လား?)

......

..... (ဦးနှောက်အလုပ်မလုပ်ချေ)

သူမခေါင်းကို အိုင်ဒေါလ်လာထိရုံမျှဖြင့် အသေသတ်ခြင်း ခံလိုက်ရသည်။

အားးးးး ငါ့နှုတ်ခမ်းထောင့်စွန်းတွေက အရူးလို ကော့တက်သွားပြီး ငါ အော်ဟစ်ပစ်လိုက်ချင်တယ်!!!

သူမခေါင်းကို ဖွဖွပွတ်သပ်ပြီးနောက် ဟော့ရှီးလက်ရုတ်လိုက်ကာ တိုးတိုးဆိုလိုက်သည်။

"မင်းဖုန်းတောက်လျှောက်မြည်နေတယ်"

ရှန့်ချောင် - "ထားထားလိုက်"

"....."

သူ ရယ်သံကို ထိန်းချုပ်လိုက်သည်။

"ဖုန်းအရင်ကိုင်လိုက်"

ရှန့်ချောင် မကိုင်ချင့်ကိုင်ချင်ဖြင့် ဖုန်းကိုင်လိုက်ကာ သူမဖုန်းကိုင်လိုက်သည်နှင့် ပေ့မင်းဖန်၏ အသံမှာ ဖုန်းထဲမှ အံကြိတ်သံဖြင့် ထွက်ပေါ်လာသည်။

"ရှန့်ချောင် နင် ဘာသဘောလဲ? နင် ငါ့ကို ဖုန်းချရဲတယ်ပေါ့လေ!!"

"ဓါတ်လှေကားထဲရောက်သွားလို့ လိုင်းမမိတာ"

"နင် မနက်ဖြန်မနက်စောစော ကုမ္ပဏီကို ချက်ချင်းလာခဲ့၊ နင် လာပြီး ငါနင့်ကို ဘယ်လိုဆူမလဲ ကြည့်နေ"

"အိုကေ အိုကေ၊ စိတ်လျှော့ပြီး ည ကောင်းကောင်းအိပ်လိုက်၊ ဒါမှ မနက်ဖြန်ကျရင် ငါ့ကို ဆူဖို့ အားရှိမှာ၊ ဝမ်အန်း!"

ပေ့မင်းဖန် သူမကို ဖုန်းချသွားသည်။

ရှန့်ချောင် ချက်ချင်းပင် ဖုန်းကို သူမအိတ်ထဲ ထိုးထည့်လိုက်ကာ အရူးလိုပြုံးရင်း ဟော့ရှီးထံ မော့ကြည့်လိုက်သည်။ သူမ သူ့ကို မတွေ့ရသည်မှာ အကြာကြီး အကြာကြီး ရှိပြီဖြစ်ပြီး သူမ သူ့ကို အရူးအမူး လွမ်းသည်။

GTKWF (Myanmar Translation )Where stories live. Discover now