Chapter 98

1.4K 272 56
                                    

{Unicode}

အပိုင်း ၉၈

ဟော့ရှန့်အဖွဲ့မှာ ရပ်တန့်မရနိုင်သည့် အရှိန်နှုန်းဖြင့် အလျှင်အမြန်ကြီးထွားလာသည်။ အတိတ်က CP ဖန်များမှာ ရိုက်ကွင်းပေါ်ရှိ ရှန့်ချောင်ထံ 'မဒမ်အဖွဲ့ အမြင့်သို့ရပ်' ဟု တိတ်တဆိတ်ခိုးအော်ခဲ့ရသော်လည်း လက်ရှိတွင် 'ဟော့ရှန့် အမြင့်သို့တက်' ဟု ပွင့်ပွင့်လင်းလင်းအော်ဟစ်နိုင်လာသည်။

ဟော့ရှန့်အဖွဲ့ဖန်များမှ ခွေးစာထုတ်လုပ်နှုန်းမှာ လျှင်မြန်လွန်းလှသဖြင့် ဖန်ဒမ်းနှစ်ခုဖြစ်သည့် ရှီးကွမ်းများနှင့် ချောင်ဖန်များက သူတို့အား ယိုင်နဲ့အောင် မလုပ်နိုင်ခြင်းအပေါ် ဒေါသပုန်ထလျက်ရှိသည်။

ဟော့ရှန့် - "ငါတို့က ပိုင်ရှင်ကိုယ်တိုင် တံဆိပ်ခတ်နှိပ်ပေးထားတဲ့ CP!!"

ချောင်ဖန် - "နင်တို့က ပိုင်ရှင်ကိုယ်တိုင် ဖျက်ဆီးထားတဲ့ CP ဆိုလည်း ဟုတ်တယ်!!"

အမျိုးသမီးတွေက ဖျက်ဆီးပြီး အမျိုးသားက လိုက်လံဖုံးကွယ်ပေးမယ်! CP ဆိုတာ စိန်ပြေးလိုက်တမ်းကစားသလိုပဲ! မင်းတို့ မနာလိုသလို ငါတို့အနေရခက်တာမျိုးလည်း ရှိတယ်။ ဟော့ရှန့်ကသာ နောက်ဆုံးကျရင် အချစ်သီချင်း သီဆိုနိုင်မှာ...။

လျန်ရှောင်ထန်ခမျာ ထိုနေ့က ဟိုတယ်အခန်းအတွင်း မြင်ခဲ့၊ ကြားခဲ့ရသမျှအား စာလုံးပေါင်း တစ်သောင်းပါဝင်သည့် အက်ဆေးအသွင် ပြောင်းပစ်ကာ ရဲဘော်ရဲဘက်များနှင့် မမျှဝေနိုင်ခြင်းအပေါ် နှမြောတသ ဖြစ်လျက်ရှိသည်။ ထိုအစား လက်ကိုင်ပဝါအနားစွန်းကို ကိုက်ရင်း အင်တာနက်လောကတစ်ခုလုံးရှိ ဒုတိယမြောက် ဟော့ရှန့်ကျယ်မေ့ဆီ မက်ဆေ့ချ်ပို့လိုက်သည်။

"ဒါအစစ်အမှန်၊ ငါ့ကို ယုံ၊ တကယ်အမှန်။ ဝူးးးးးး ဝူးးးးး ခဏပဲစောင့်၊ ငါတို့အတွက် နွေဦးရောက်လာတော့မှာ!"

ထိုကျယ်မေ့မှာ အမြဲတစေ တိတ်ဆိတ်လျက်သား။

"အင်း၊ ယုံတယ်"

လျန်ရှောင်ထန် - "Wooooooooooo..... ဟုတ်တယ် ကျယ်မေ့၊ ငါတို့ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ၊ အစက အင်တာနက်တစ်ခုလုံးမှာ ငါတို့နှစ်ယောက်ပဲ ဟော့ရှန့်အဖွဲ့အနေနဲ့ ရှိနေတာ၊ နောက်ဆုံးတော့ ခရီးကြမ်းကို ဖြတ်ကျော်နိုင်လာခဲ့ပြီ၊ ကုန်လွန်ခဲ့တဲ့ အချိန်တွေက အလဟဿမဖြစ်ဘူး"

GTKWF (Myanmar Translation )Where stories live. Discover now