Chapter 11

2.1K 256 7
                                    

{Unicode}

အပိုင်း ၁၁ | @Huo Xi : စာချုပ်ဖျက်သိမ်းဖို့ ထောက်ခံခြင်း။

အားကစားရုံထဲတွင် ဟော့ရှီးက အကသမားများနှင့်အတူ နောက်ဆုံးအဆင့် အကတိုက်နေသည်။ ရှန့်ချောင်၏ Weibo ကို သူ့မန်နေဂျာ ပိုင်ကောက သူ့ဖုန်းပေါ်တွင် ယူလာပြခြင်းဖြစ်သည်။

အမှန်အားဖြင့် စာချုပ်ပါအကြောင်းအရာကို သူသိပြီးဖြစ်သည်။ ပိုင်ကောက ရှင်းယောင်မီဒီယာ၏ စီနီယာ မန်နေဂျာတစ်ဦးဖြစ်ကာ ဒီလိုကိစ္စမျိုးကို သူ့ထံမှ ကောင်းမေလင် ဖုံးကွယ်၍ မရပေ။ ထိုအချိန်က ရှန့်ချောင်ကို တုံးအလွန်းသည်ဟု သူတို့ထင်မြင်ခဲ့ကာ ကောင်းမေလင်ထံမှ မညီမျှသည့် စာချုပ်ကို လက်မှတ်ထိုးရန် သွေးဆောင်စည်းရုံးခံရသည်ဟုသာ တွေးခဲ့သည်။

ယခု Weibo ထံ ကြည့်ချိန်မှသာ သူမက မတရားသော နည်းလမ်းဖြင့် အကျပ်ကိုင်ခံခဲ့ရခြင်း။

ဘယ်လို မတရားသော နည်းလမ်းလဲ? ဘာနဲ့လဲ?

ပိုင်ကောက

"သူက တုံးလွန်းတယ်လို့ ငါ ခဏခဏပြောဖူးပေမဲ့ သူ့မှာ ဒီလို သတ္တိမျိုးရှိမယ်လို့ မထင်ထားဘူး၊ သူတို့နဲ့ တဲ့တိုး ရင်ဆိုင်ချလိုက်တာပဲ၊ လက်မှတ်ထိုးတာနဲ့ ပတ်သက်ပြီး ကောင်းမေလင်ချုပ်ကိုင်ထားတာ ရှိမှာ သိသာနေတာ၊ ဒီကောင်မလေး ဒီလို ထိပ်တိုက်တွေ့ရဲတာ အရင်က မသိခဲ့ဘူး"

ဟော့ရှီး အချိန်အတော်ကြာ Weibo ကို စိုက်ကြည့်နေပြီးနောက် သူ့ဖုန်းကို ထုတ်ယူလိုက်သည်။

ပိုင်ကော စိတ်ထဲ သတိပေးခေါင်းလောင်းသံ ဆူညံသွားသည်။

"မင်း ဘာလုပ်မလို့လဲ?"

"ကျွန်တော် Wechat message ပို့ပြီး မေးမလို့"

သူ စာပို့လိုက်ကာ အချိန်အကြာကြီး စောင့်နေသော်လည်း ရှန့်ချောင် စာပြန်မလာပေ။ တာဝန်ကျ ဝန်ထမ်းက သူ့ထံ လှမ်းမေးလာသည်။

"LED မီးကို အဖြူရောင်သုံးလို့ အဆင်ပြေမလား?"

သူ့ ဖုန်း contact list ထဲ ဝင်လိုက်ပြီးနောက် ပြန်ဖြေသည်။

"နေ့လည်မှ ဆက်ပြောရအောင်"

သူဖုန်းခေါ်လိုက်ပြီး အချိန်အတော်ကြာ ဖုန်းမြည်နေပြီးမှ တစ်စုံတစ်ယောက်က ဖုန်းကိုင်လာသည်။ သူမလေသံက ဘာမှမဖြစ်ထားသလိုမျိုး၊ သူမကို သူတွေ့ချိန်တိုင်း နူးညံ့တဲ့ ပျော်ရွင်မှုတို့ ပြည့်လျှမ်းဟန်ဖြင့်

GTKWF (Myanmar Translation )Where stories live. Discover now