Chapter 69.2

1.6K 242 43
                                    

{Unicode}

အပိုင်း ၆၉.

ဇာတ်ကြောင်းစတင်ရန် အခွင့်အရေးရသည်နှင့် နန်းတွင်းအပျိုတော်က ချက်ချငိးဆိုသလိုပင် ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်သည်။

"နင်လည်း ဒီကို အသစ်ရောက်တဲ့သူလား? နင်လည်း စည်းကမ်းမချိုးဖောက်မိအောင် မလုပ်သင့်တဲ့အရာတွေ ငါ ပြောပြမယ်လေ၊ တော်ဝင်မိဖုရားငယ်က မက်မွန်ပွင့်တွေကို သဘောအကျဆုံးဆိုတာ နန်းတွင်းက သူတိုင်း သိတယ်၊ အရှင်မနဲ့ မိဖုရားငယ်က မတည့်တော့ မက်မွန်ကိုင်းတွေကိုပါ သဘောမကျတော့ဘူး"

ရှန့်ချောင်က ဖန်းကျီထံ လှည့်မေးသည်။

"နင် မိဖုရားငယ်ကို တွေ့ခဲ့တယ်မလား? ဘယ်လိုလဲ?"

"တအားရက်စက်တာပဲ၊ ငါ စကားနည်းနည်းပဲ ပြောရသေးတယ်၊ သူက လူခေါ်ပြီး ငါ့ကို တုတ်နဲ့ အသေရိုက်ခိုင်းတော့တာပဲ! တုတ်နဲ့ အသေရိုက်ခိုင်းတာ!! အရမ်းရက်စက်တာပဲ! ကံကောင်းလို့ အခြားမိဖုရားငယ်က အသနားခံပေးလို့ အိပ်ထမတင် လုပ်ရရုံနဲ့ ပြစ်ဒဏ်ပြီးသွားတာ"

ရှန့်ချောင်က မိရားငယ်၏ နန်းဆောင် တည်ရှိရာနေရာကို အပျိုတော်ထံ မေးမြန်းပြီး သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

နန်းတော်ဂိတ်တံခါးဝမှ သူမတို့ ထွက်လာခါစမှာပင် အတွင်းမှ မောက်မောက်မာမာဖြင့် အမိန့်ပေးသံကို ကြားလိုက်ရသည်။

"သူ့ကို ဆွဲထုတ်သွားပြီး တုတ်နဲ့ သေတဲ့ထိ ရိုက်ပစ်!"

ဖန်းကျီ - "....."

ရှန့်ချောင် - "......"

ယခုအခေါက် အရှုပ်အထွေးတွင် တုတ်ဖြင့် အသေရိုက်သတ်ခံရမည့်သူမှာ ကျီကျားယို့ဖြစ်၏။ သူ၏ ဇာတ်ကောင်မှာ မိဖုရားငယ်ကို ခစားရသည့် နန်းတွင်းအပျိုတော်ဖြစ်သည်။ ယခုလေးတွင် မိဖုရားကို မည်ကဲ့သို့ အပြစ်ပြုမည်မှန်း သူ မသိချေ။ ရှန့်ချောင် အထဲဝင်သွားချိန်တွင် ရဲမက်သုံးယောက်က သူ့အား ခုံတန်းပေါ် ကြိုးချည်ပြီးလေပြီ။

ရှန့်ချောင် ခပ်မြန်မြန်တားဆီးလိုက်သည်။

"အရှင်မ၊ အသက်ချမ်းသာပေးပါ!"

GTKWF (Myanmar Translation )Where stories live. Discover now