Chapter 71

1.6K 257 27
                                    

{Unicode}

အပိုင်း ၇၁

လေထဲရှိ မက်မွန်ပွင့်များမှာ နှင်းများနှင့်အတူ ကျဆင်းနေသည်။

ကျီကျားယို့ - "သူက အတော်လေး သနားဖို့ ကောင်းတာပဲ"

ရှန့်ချောင် သက်ပြင်းချကာ ခြံဝန်းအတွင်းရှိ မက်မွန်ပင်ကို လက်ညှိုးထိုးလိုက်သည်။

"အဲ့အပင်ကို ခုတ်လိုက်ရင် ပုံရိပ်ယောင်ကို ဖျက်ဆီးနိုင်ပြီ"

ဤသို့ဖြင့် သူတို့နှစ်ဦးစလုံး သစ်ပင်ခုတ်ဖြတ်နိုင်သည့် ပစ္စည်းကိရိယာတစ်ခုခုများ ရှိမလားဟု အချိန်အတော်ကြာသည်အထိ ရှာဖွေသော်လည်း ရှာမတွေ့ပေ။

ဒါရိုက်တာအဖွဲ့မှာ အလွန်အမင်း ဂုဏ်ယူလျက်ရှိသည်။

မင်းတို့ ဇာတ်လမ်းကို ခန့်မှန်းနိုင်တော့ ဘာဖြစ်လဲ? သစ်ပင်ခုတ်ဖြတ်နိုင်တဲ့ ပစ္စည်း မင်းတို့မှာ ရှိလား၊ မရှိ....

အာ? သူမ ဘာလုပ်နေတာလဲ?

ရှန့်ချောင်က ယခုတစ်ခေါက် သူမယူဆောင်လာသည့် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည် - ဆန့်နိုင် ကျုံ့နိုင်သည့် တူရွင်း။ ထို့နောက် ဆောင့်ကြောင့်ထိုင်ကာ မြေကို ဆွတော့သည်။

"ဒါရိုက်တာအဖွဲ့က ဆက်တင်ပစ္စည်းတွေ ပြင်ဆင်ဖို့ အချိန်လောက်မှာ မဟုတ်ဘူး၊ ဒီအပင်ကို စိုက်ထားတာဆိုတော့ ဒီတိုင်း မြုပ်ထားတာပဲ ဖြစ်ရမယ်၊ မြေကြီးထဲ မနက်လောက်ဘူး၊ လာ.. လာ... မြေဆွပြီးရင် ငါတို့ ဆွဲနှုတ်ရအောင်"

ဒါရိုက်တာအဖွဲ့ - " ?? "

မင်းကိုယ်မင်း လုကျစ်ရှန်းများ မှတ်နေလား?

(T/N: လုကျစ်ရှန်းက စွန်းဝူခုန်းတို့ အဖွဲ့ထဲက စိတ်ပုတီးဆွဲထားတဲ့ လူသန်ပါ)

ကျီကျားယို့က သူ့ကိုယ်သူ ပြင်ဆင်လိုက်ပြီး သစ်ပင် ပင်စည်ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။ ရှန့်ချောင်၏ ကူညီမှုဖြင့် ကျီကျားယို့က မက်မွန်ပင်ကို အလွယ်တကူ ဆွဲနှုတ်နိုင်လိုက်သည်။ ဆက်တင်ပစ္စည်းများ၏ အသေးစိတ်ကျမှုမှာ အတော်လေး ကောင်းမွန်သည်။ သစ်ပင်အောက်တွင် ဖျင်ကြမ်းအစုတ်တစ်ခုကို မြုပ်နှံထားပြီး အရိုးအကြွင်းအကျန်များကို မြင်နိုင်သည်။

GTKWF (Myanmar Translation )Where stories live. Discover now