Chapter 80

1.7K 255 68
                                    

{Unicode}

အပိုင်း ၈၀

ပရိုဂရမ်အဖွဲ့ဝန်ထမ်းများက အလျှင်အမြန်ပြေးလာကာ သူမတို့နှစ်ယောက်ကို ရေထဲမှ ဆွဲထူကာ မျက်နှာသုတ်ပဝါများနှင့် ရေများ သုတ်စေကာ အဝတ်လဲစေသည်။

ရှန့်ချောင်မှာ ရုတ်တရက်ဖြစ်ပေါ်လာသော ဇာတ်သိမ်းခန်းကြောင့် စိတ်ရှုပ်ထွေးလျက်ရှိပြီး အစီအစဉ်ရိုက်ကူးရာပြင်ပသို့ ထွက်လာသည့်တိုင်အောင် တုံ့ပြန်မှု မရှိသေးချေ။

ရှန့်ချောင် တစ်ကိုယ်လုံး စိုရွှဲနေသည်ကို တင်းကျန် မြင်သည်နှင့် လက်ထဲရှိ စားလက်စ ခေါက်ဆွဲဘူးကို လွှင့်ပစ်လိုက်ကာ ခပ်မြန်မြန်ပြေးလာသည်။

"ဘာဖြစ်တာလဲ?"

ရှန့်ချောင် လက်ဝှေ့ရမ်းပြလိုက်သည်။

ကံကောင်းစွာဖြင့်ပင် အနုပညာရှင်များ၏ လက်ထောက်များက အဝတ်ပိုများ သယ်ဆောင်လာသည်။ သူမ အဝတ်လဲနေချိန်တွင် ဆုတောင်းအကြွေစေ့တစ်စေ့က စိုရွှဲနေသည့် အိတ်ကပ်ထဲမှ လိမ့်ထွက်လာသည်။ သူမ ကောက်ယူကာ ကြည့်လိုက်လျှင် အကြွေစေ့ ရှေ့မျက်နှာစာတွင် ဌက်များ တေးသီကျူးနေဟန်နှင့် ပန်းများ မွှေးပျံ့နေပုံကို ထွင်းထုထားသည်။ နောက်ဘက်တွင်မူ လူနှစ်ယောက်က အချင်းချင်း ပွေ့ဖက်လျက်ရှိသည်။

ပရိုဂရမ်အဖွဲ့က အဖြေမှန်ကို သူတို့မျက်စိရှေ့တွင် အစောကတည်းကပင် ချပြထားခဲ့သည်။

သည်တစ်ခေါက် သူတို့ စီမံထားမှုမှာ အမှန်တကယ် ကောင်းမွန်လှသည်။

ဇွန်ဘီနှင့် လူသားများဟူသည့် သရုပ်သကန် တည်ရှိမှု မရှိလျှင်ပင် ပုံမှန်အခြေအနေမျိုး၌ ဧည့်သည်များက ပွေ့ဖက်ခြင်းမျိုးကို လုပ်ဆောင်မည် မဟုတ်ပေ။ နှစ်ဖက်စလုံး၏ သရုပ်မှန်များ ပေါ်ပေါက်သွားခဲ့လျှင် ပို၍ပင် ဖြစ်နိုင်ချေ မရှိတော့။

ဇွန်ဘီများက လူသားများအား သတ်ရန် ကြံစည်နေပြီး လူသားများက ဇွန်ဘီများကို ပုန်းရှောင်နိုင်ရန် အစွမ်းကုန် ကြိုးစားပေမည်။ နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ သူသေ ကိုယ်သေ ဆက်ဆံရေးမျိုးဖြစ်သည်။ ရန်သူများက ပွေ့ဖက်လိုစိတ်ရှိမည်မဟုတ်ပေ။

GTKWF (Myanmar Translation )Where stories live. Discover now