Chapter 89

1.7K 285 112
                                    

{Unicode}

အပိုင်း ၈၉

နောက်တစ်နေ့မနက်ပိုင်းတွင် ချောင်းယွီ သူမထံ ဖုန်းခေါ်လာကာ နေ့လယ်ပိုင်းတွင် သူ ပေကျင်းသို့ ပြန်မည့်အကြောင်း ပြောပြလာသည်။ မမျှော်လင့်ပဲ တွေ့ဆုံခြင်းဖြစ်တာမို့ နေ့လယ်စာ အတူစားရန် ဖိတ်ခေါ်လာပြီး ရှန့်ချောင် သဘောတူလိုက်သည်။

နေ့လယ်မွန်းတည့်ခါနီးတွင် ချောင်းယွီက အနက်ရောင် Audi ကားကို မောင်းနှင်လာကာ သူမကို လာကြိုသည်။ ကားထဲမှ ထွက်လာပြီးနောက် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ချောင်းယွီက ကားတံခါးကို မှီရပ်ရင်း ရှန့်ချောင်ထံ လက်ဝှေ့ရမ်းပြသည်။

အဖွဲ့သားများမှ ချက်ချင်းဆိုသလို စူးစမ်းသည့် အကြည့်များဖြင့် ကြည့်လာကာ ရှန့်ချောင်က ချက်ချင်းရှင်းပြသည်။

"သူက ကျွန်မရှေ့နေ။ ကျေးဇူးပြုပြီး ရှင်တို့မျက်နှာပေါ်မှာ အထင်းသားပေါ်နေတဲ့ အတွေးတွေကို ပြန်ရုပ်သိမ်းလိုက်ပါတော့!"

သတင်းထောက် အစ်မကြီး - "အိုး... ရှေ့နေကိုး"

ထိုစကားဆိုပြီးသည်နှင့် သတင်းထောက်က ဟော့ရှီးထံ လှမ်းကြည့်သည်။

ရှန့်ချောင် နှစ်ချက်မျှ ပြုံးရယ်လိုက်ကာ တင်းကျန်ကို စကားအနည်းငယ် မှာကြားပြီးနောက် ဦးထုပ်ဆောင်းကာ ပြေးထွက်သွားသည်။ ချောင်းယွီမှ သူမအတွက် ကားတံခါးဖွင့်ပေးပြီးနောက် မောင်းသူထိုင်ခုံဘက် ပြန်သွားကာ ကားထဲ ဝင်ထိုင်သည်။

ဟော့ရှီး နေ့လယ်စာထမင်းဘူးကို လှမ်းယူပြီးနောက် တူဖြင့် ထိုးဆွလိုက်သော်လည်း မစားပေ။

ရှောင်တန့် - "ဟေး.. လောင်ဖော်ဖန်က တခြားသူနဲ့ ထွက်ပြေးသွားပြန်ပြီ"

ဟော့ရှီး - "မင်းအလုပ် မလုပ်ချင်တော့ဘူးလား?"

ရှောင်တန့် - "....."

ချောင်းယွီက နယ်ခံစားသောက်ဆိုင်တစ်ဆိုင်တွင် ကြိုတင် ဘိုကင်လုပ်ထားခဲ့သည်။ အဆောက်အအုံမှာ ရေကန်မျက်နှာပြင်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မိုးမခပင်ကိုင်းများ ညွတ်မိုးကျလျက်ရှိသည်။ သူမ၏သရုပ်မှန်ကို တွေးတောပေးသည့်အနေဖြင့် ချောင်းယွီက သိုသိုသိပ်သိပ်ရှိပြီး အနှောင့်အယှက်မခံရနိုင်သည့် နေရာမျိုးကို ရွေးချယ်ထားခဲ့သည်။

GTKWF (Myanmar Translation )Where stories live. Discover now