Chapter 123

1K 184 20
                                    

{Unicode}

အပိုင်း ၁၂၃

ကျောက်ယွီမှာ သူမနှင့်အတူ ညလယ်စာသွားစားရန် ရှန့်ချောင်အား ဖိတ်ခေါ်လိုသော်လည်း မန်နေဂျာက သူမလက်ကို လှမ်းဆွဲရင်း

"မဖြစ်ဘူး ယွီယွီ၊ လေယာဉ်ချိန်နောက်ကျလိမ့်မယ်"

ကျောက်ယွီက အိုကေဟု လက်ဟန်ပြလိုက်ကာ

"ဆယ်မိနစ် အချိန်ထပ်ပေး!"

သူမ ရှန့်ချောင်ကို ဘေးဘက်ဆွဲခေါ်ကာ အတင်းမေးတော့သည်။

"Long distance relationship လုပ်ရတာ ခက်လား?

ရှန့်ချောင် - "နင့်ဘာသာ စမ်းကြည့်လို့ရတယ်"

ကျောက်ယွီ - "ရတယ်၊ ငါ အခုလောလောဆယ် အလုပ်ပဲ အာရုံစိုက်ထားတာ၊ ချစ်သူထားဖို့ အစီအစဉ်မရှိဘူး၊ ငါက လူသန်းပေါင်းများစွာရဲ့ နတ်ဘုရားမ ဖြစ်ချင်တာ၊ နတ်ဘုရားမတွေပ သူငယ်ချင်း ရှိလို့ မရဘူး"

သူမက သူမ၏ ဒေသိယလေသံအား ထုတ်ယူလာခဲ့သည်။ ရှန့်ချောင် မထိန်းနိုင်ပဲ ရယ်မောလာသည်။ ရုတ်တရက် သူတို့ဘေးဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းက ဘယ်လိုသူငယ်ချင်းမျိုး လိုချင်လို့လဲ? ဘယ်သူနဲ့ သူငယ်ချင်း ဖြစ်ချင်နေတာလဲ?"

ရှန်ကျွင့်ယီးမှာ မည်သည့်အချိန်၌ ရောက်နေခဲ့ခြင်း မသိရ။ ယခင်လေးတင်မှ စတိတ်စင်ပေါ်မှ ဆင်းလာခဲ့ပုံရကာ တစ်ကိုယ်လုံး ချွေးရွှဲနေသည်။ ကျောက်ယွီက သူ့အား အထင်အမြင်သေးဟန် လှမ်းကြည့်ရင်း

"နင် နားမလည်ရင်လည်း ဘာလို့ ဒေသိယအသံကို သင်ဖို့ မကြိုးစားလဲ?"

ရှန်ကျွင့်ယီးက သူမထံ နှုတ်ခမ်းတွန့်၍ ပြုံးလိုက်ရင်း ရှန့်ချောင်ထံ လှည့်ကြည့်သည်။

"ရှုန်းတိ၊ မင်း ဒီရောက်တာနဲ့ သူ့အတွက် ဖန်ဆိုင်းဘုတ်ကိုင်လာတာ မသင့်တော်ဘူးလားလို့"

ကျောက်ယွီ - "ငါ့အမြင်တော့ အတော်လေး သင့်တော်တယ်"

ရှန်ကျွင့်ယီး - "ဘေးဖယ် ဘေးဖယ်... ငါ့ညီအစ်ကိုနဲ့ စကားပြောနေတာ၊ ကျန်တဲ့သူ ဘေးဖယ်"

ကျောက်ယွီ သူ့အား လှမ်းရိုက်ရန် ဟန်ပြင်လိုက်သော်လည်း ရှန်ကျွင့်ယီးက ရှန့်ချောင် ပခုံးထက် လက်နှစ်ဖက်တင်၍ သူမနောက် ပုန်းကွယ်ကာ အရိုက်ခံချင်နေသည့် မျက်နှာပေးဖြင့် ပြောင်ပြလိုက်သေးသည်။

GTKWF (Myanmar Translation )Where stories live. Discover now