Chapter 96

1.6K 291 24
                                    

{Unicode}

အပိုင်း ၉၆

အဓိကအမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်တို့ ရိုက်ကွင်းသို့ ပြန်ရောက်ပြီးနောက် ရိုက်ကူးရေးပြန်လည်စတင်ကာ ရှန့်ချောင်မှာ နောက်ဆုံးတွင် လေထဲ သရုပ်ဆောင်ရန် မလိုတော့ပေ။

ရိုက်ကူးရေးလုပ်ငန်းစဉ်မှာ အမှန်တကယ်အားဖြင့် အတော်လေးလျှင်မြန်ပြီး အဓိကအကြောင်းအရင်းမှာ ရှန့်ချောင်၏ အံ့ဩဖွယ်သရုပ်ဆောင်စွမ်းရည်ကြောင့်ပင်။ အစပထမပိုင်း ဟော့ရှီးနှင့် တွဲဖက်သရုပ်ဆောင်ချိန်၌ ဆက်တိုက်ရရှိခဲ့သည့် NG များမှလွဲ၍ နောက်ပိုင်းတွင် ဇာတ်ကောင်စရိုက်ထံ ခပ်မြန်မြန်ဝင်စားနိုင်လာပြီး တစ်ခါ သို့မဟုတ် နှစ်ခါမျှဖြင့် အပြီးသတ်ရိုက်ကူးနိုင်သည်။

ထိုမျှသာမက သူမက အတော်လေး အလုပ်ကြိုးစားကာ ထိုအခြင်းအရာကို ရိုက်ကွင်းပေါ်ရှိ အဖွဲ့သားများအားလုံး မျက်မြင်တွေ့နိုင်သည်။ ရိုက်ကူးရေးအဖွဲ့သို့ သူမ ပထမဆုံးအကြိမ် လာရောက်ပူးပေါင်းစဉ်က သူမအပေါ် ထားရှိခဲ့သည့် အထင်အမြင်သေးမှုနှင့် သံသယစိတ်တို့မှာ အချိန်အတော်ကြာကတည်းကပင် ပျောက်ကွယ်နှင့်ပြီးလေပြီ။

အထူးသဖြင့် အသက်အရွယ်ကြီးရင့်ပြီးဖြစ်သော ရုပ်ရှင်သရုပ်ဆောင်များက နာမည်ကြီးမှုကို အခွင့်ကောင်းယူ၍ ကြိုးစားအားထုတ်လေ့မရှိသော ယနေ့ခေတ်မျိုးဆက်သရုပ်ဆောင်များအား အထင်သေးလေ့ရှိသည်။

ထိုကဲ့သို့သော သရုပ်ဆောင်များသည်ကား အနုပညာရှင်ဟုပင် မခေါ်ထိုက်ပါချေ။

ရိုက်ကူးရေးသို့ မဝင်ရောက်မှီ၌ အဓိကအမျိုးသမီးဇာတ်ကောင်နာမည်မှာ ရှန့်ချောင် ဖြစ်မှန်း သိရပြီး မရင်းနှီးသည့် နာမည်ဖြစ်နေခြင်းကြောင့် သူမ ကောင်းကြောင်း ပြောစရာများရှိမလားဟု ဘေးပတ်ဝန်းကျင်အား စုံစမ်းခဲ့သေးသည်။ သူမနှင့် မတွေ့ခင်ကတည်းကပင် ထိုသူများ၏ သူမအပေါ် သဘောထားမှာ ဆိုးရွားနေနှင့်သည်။

နောက်ပိုင်းတွင်မှ အနှီမိန်းကလေးက များစွာသောဒုက္ခများ ကြုံတွေ့ခဲ့ရကြောင်း သိရှိလာရသည်။ လူတိုင်းက သူမ မည်မျှ အလုပ်ကြိုးစားကြောင်းနှင့် မည်မျှ ဉာဏ်ပြေးကြောင်း သိရှိလာကြပြီး သူမအား သွန်သင်လမ်းညွှန်လိုလာကြသည်။ ရှေ့မျိုးဆက် ဝါရင့်သရုပ်ဆောင်များက ဘဝတစ်လျှောက်လုံး အနိမ့်အမြင့် အတက်အကျများစွာ ကြုံတွေ့ခဲ့ပြီးဖြစ်ကာ အနုပညာအသိုင်းအဝိုင်းတွင်း၌ ပါရမီရှိသည့် လူငယ်များနှင့် ပြည့်နှက်ကာ ဆက်လက်ထွန်းတောက်သွားဖို့ မျှော်လင့်ကြသည်မှာ ဓမ္မတာပင်။

GTKWF (Myanmar Translation )Where stories live. Discover now