Chapter 39

1.9K 268 23
                                    

{Unicode}

အပိုင်း ၃၉

နောက်တစ်ရက်မနက် ရှန့်ချောင် နိုးလာချိန်တွင် ဝယ်ယူရန်လိုအပ်သည့် ဟင်းရွက်စာရင်းများရေးကာ ဖန်းပိုင်ဆီပို့လိုက်ပြီး ဝယ်ယူပြီးနောက် လာပို့ပေးရန် မှာလိုက်သည်။ လက်ရှိအချိန်တွင် သူမ၏ ကျော်ကြားမှုမှာ တဖြည်းဖြည်းမြင့်တက်လာပြီဖြစ်သဖြင့် ယခင်ကကဲ့သို့ စိတ်လွတ်လက်လွတ် အပြင်မထွက်ရဲတော့ချေ။

မုန့်ရှင်းချန်၏ စမ်းသပ်လိုသည့် အဓိပ္ပါယ်ရောယှက်နေသည့် အကြည့်ကို လစ်လျူရှုရန် သူမ ဆုံးဖြတ်လိုက်ပြီး စီနီယာတစ်ယောက်ကို လေးစားသမှုမျိုးဖြင့် ဆက်ဆံရန်သာ စဉ်းစားလိုက်သည်။ သူ မည်ကဲ့သို့ သဲလွန်စမျိုး ပေးသည်ဖြစ်စေ သူမ နားလည်နိုင်သည်မျိုးမဟုတ်ချေ။

နေ့လယ်ခင်းတွင် မုန့်ရှင်းချန်က အချိန်မှန်ရောက်ရှိလာသည်။

ရှန့်ချောင် သူ့အား အိမ်ထဲသို့ ရိုရိုသေသေကြိုဆိုလိုက်ကာ သူမ သူ့ထံကြည့်လာသည့်အကြည့်မှာ မုန့်ရှင်းချန်အား အဘိုးအရွယ်ဟု ခံစားသွားရစေသည်။

ယနေ့သင်ခန်းစာမှာ အခြေခံအကျဆုံး သိမ်မွေ့သည့် မျက်နှာအမူအရာများအကြောင်းဖြစ်သည်။

ရှန့်ချောင် ဂရုတစိုက်နားထောင်သည်။ သူ ပြောပြနေသည်မှာ ပရော်ဖက်ရှင်နယ်တင်ဆက်မှုနည်းပညာသာမက နှစ်ပေါင်းများစွာ ဖြတ်သန်းလာသော အတွေ့အကြုံများနှင့် သူ၏ ကိုယ်ပိုင်စွမ်းရည်တို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ရှန့်ချောင် သင်ယူရင်းဖြင့် သူမ တကြိမ်တခါမှ ပါဝင်ပတ်သက်မှုမရှိခဲ့သည့် နယ်ပယ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာသည်။

နေ့လယ်ခင်းကား လျှင်မြန်စွာ ကုန်ဆုံးသွားသည်။

အချိန်အတော်ကြာ ထိုင်လိုက်ရသည့်အတွက် မုန့်ရှင်းချန်က ညောင်းညာသွားပုံရကာ ဇက်ဟိုဘက်ဒီဘက်လှည့်ရင်း ပခုံးထုလိုက်သည်။

"ဒီနေ့တော့ ဒီမှာပဲရပ်လိုက်ရအောင်၊ ငါ အများကြီးပြောရင် မင်း နားမလည်နိုင်မှာစိုးတယ်!"

"အိုကေ! ရှင့်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာမုန့်!"

GTKWF (Myanmar Translation )Where stories live. Discover now