Chapter 114

1.5K 285 33
                                    

{Unicode}

အပိုင်း ၁၁၄

သူမအား ကားပေါ် ဖမ်းချုပ်လိုက်သည့် တခဏတွင် ရှန့်ချောင်မှာ ကံကောင်းသည်ဟု တွေးတောလိုက်မိသည်။

အကြောင်းရင်းမှာ တဖက်လူက သူမအား မေ့ဆေးသုံးကာ မေ့မျောအောင် လုပ်ခဲ့ခြင်းမရှိခြင်းကြောင့်ပင်။ သူမက ခွန်အားမရှိသည့် မင်းသမီးဟု မှတ်ယူကာ ပြန်လည်တွန်းလှန်နိုင်မည်မဟုတ်ဟု ယူဆသည်။ ဝန်ထမ်းအဖြစ် ဟန်ဆောင်သည့် တရုတ်အမျိုးသားတစ်ယောက်နှင့် အရပ်မြင့်မြင့် ကပ္ပလီလူမျိုးတစ်ယောက်က သူမအား ဘယ်ညာတစ်ဖက်စီ ချုပ်နှောင်ထားပြီး ကျန်တစ်ယောက်မှာ အရှိန်ပြင်းပြင်း ကားမောင်းနေသည်။

ကားထဲမဝင်ခင် အော်ဟစ်ခဲ့သည့် အော်ဟစ်သံမှလွဲ၍ ရှန့်ချောင်က ထပ်မံရုန်းကန်ခြင်း မပြုပေ။ သူမဦးခေါင်းကို အဝတ်အိတ်တစ်ခုဖြင့် စွပ်ထားကာ လက်နှစ်ဖက်အား ကျောနောက်တွင် ပူးကပ်ချုပ်နှောင်ထားသည်။

သူမ ပို၍ ထိတ်လန့်ကြောက်ရွံ့လေ၊ ပို၍ တည်ငြိမ်လေဖြစ်ကာ တိတ်တဆိတ်သာ နေသည်။ ထို့နောက် တဖက်လူက လေသံတိုးတိုးဖြင့် အင်္ဂလိပ်လို ပြောနေသည်ကို ကြားလိုက်ရသည်။

"သူ ဘာလို့ ဒီလောက် တိတ်နေတာလဲ?"

အခြားတစ်ယောက် - "ကြောက်နေတာဖြစ်မှာ၊ တရုတ်အနုပညာရှင်တွေက သွေးနည်းတယ်"

ရှေ့ဘက်မှ ဒရိုင်ဘာက ရယ်သံစွက်လျက် ဝင်ပြောသည်။

"အခုတောင် သေမလောက် ကြောက်နေတာ၊ ခဏနေကျရင် မေ့လဲသွားမလား?"

ထိုသူက ထပ်မံမေးသည်။

"သူ့ရုပ်ရည် ဘယ်လိုနေလဲ?"

ဝန်ထမ်းအဖြစ် ဟန်ဆောင်ထားသူ၏ စကားသံအား သူမကြားရသည်။

"သူက အရမ်းလှတယ်၊ ဗီဒီယိုက ကြည့်ကောင်းတော့မှာပဲ"

ရှန့်ချောင် နှုတ်ခမ်းကိုက်ကာ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာမှုအား ဖိနှိပ်ထားလိုက်သည်။

သူတို့က သူမအား သတ်ပစ်လိုစိတ်မရှိ၊ ဗီဒီယိုသာ ရိုက်လိုသည်။

ဘယ်လို ဗီဒီယိုမျိုးလဲ? ဘယ်လိုမျိုး ဖြစ်နိုင်မှာတဲ့လဲ?

ကားရပ်သွားလျှင် သူမ ငြင်းဆန်ရန် အခွင့်အရေးရှိမည်မဟုတ်။ လူသုံးယောက်အား မည်သည့်နည်းနှင့်မဆို ကျော်ဖြတ်နိုင်စွမ်းမရှိပေ။

GTKWF (Myanmar Translation )Where stories live. Discover now