Chapter 152

1.2K 227 24
                                    

{Unicode}

အပိုင်း ၁၅၂

ငယ်ငယ်ရွယ်ရွယ်မှာပဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်မိလို့ ဆီးချိုဖြစ်သွားရပြီ။

Barrage -

[ဒီအတွဲကြားက ဆက်ဆံရေးကို ငါ တကယ် သဘောကျတယ်]

[မမြင်ရတဲ့ အချိုကျွေးမှုက အသေစေနိုင်ဆုံးပဲ]

[ဟော့ရှီးက တအားအလိုလိုက်တာပဲ!! သူ(မ)က ပိုအားစိုက်ထုတ်ရတယ်လို့ ပြောတဲ့သူ... နင့် မျက်လုံးကို ဖွင့်ပြီး သေချာကြည့်လိုက်!!]

[ရုပ်ရှင်ဧကရာဇ်ရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကောင်းတာပဲ]

[အက်ဆစ်ဓါတ်ဆိုတာမျိုးက ရှိတတ်တာပဲလေ]

နှစ်ဦးသားက ယာယီနေထိုင်ရမည့်အိမ်အား ခပ်မြန်မြန်ရှာတွေ့သွားသည်။ အိမ်ရှေ့တံခါးမနားတွင် လူနှစ်ယောက်ဖက်စာ ပရုပ်ပင်တစ်ပင်ရှိသည်။ ထိုအပင်၏ အကိုင်းအခက်များမှာ စိမ်းစို၍ သစ်ရွက်များ အုပ်ဆိုင်းလျက်ရှိရာ ဘေးပတ်လည်အား အရိပ်ရစေ၍ ခြံဝန်းငယ်အား ပို၍ အေးမြစေပုံရသည်။

အိမ်ပိုင်ရှင်မှာ အသက်၆၀အရွယ် အဘွားအိုတစ်ယောက်ဖြစ်သည်။ သူမက တံစက်မြိတ်အောက်တွင် ပန်းကန်လုံးတစ်လုံးကိုင်၍ ထမင်းစားလျက်ရှိသည်။ သူမက သူတို့အား နှုတ်ဆက်ကာ နေထိုင်ရမည့်အခန်းအား လိုက်ပြသည်။ မည်သို့ပင်ဆိုစေ သူတို့က ချစ်သူများသာဖြစ်ပြီး အကြင်လင်မယားမဟုတ်ပေ။ ပရိုဂရမ်အဖွဲ့က အခန်းတစ်ခန်းထဲတွင် အတူနေရန် စီစဉ်ပေးထားသော်လည်း အတွင်းခန်းနှင့် အပြင်ခန်းဟူ၍ သီးသန့်ကုတင်တစ်လုံးစီ ပြင်ဆင်ပေးထားသည်။

ဟော့ရှီးက ခရီးဆောင်အိတ်အား ဖွင့်ကာ သူမ၏ ဝက်ဝံရုပ် ညအိပ်ဝတ်စုံ ထုတ်ကာ အတွင်းခန်းရှိ ကုတင်ပေါ် တင်ပေးထားသည်။ ထို့နောက် ကုတင်ပေါ်ထိုင်ကာ မွေ့ယာအပျော့အမာအား စမ်းသပ်သည်။

ရှန့်ချောင်က ရေခဲမုန့်စားပြီးသည်နှင့် လက်သွားဆေးသည်။ သူမ ပြန်လာလျှင် ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းပေးလိုက်သည့် တာဝန်ကဒ်အား ကိုင်ဆောင်လာသည်။ လမ်းလျှောက်လာရင်း ဖတ်လာသည်။

GTKWF (Myanmar Translation )Where stories live. Discover now