အခန်း ၁၀၄+၁၀၅

3.7K 301 34
                                    

နောက်ပိုင်းမှာ သူက သိပ္ပံဘာသာရပ်နဲ့ အနုပညာဘာသာရပ်ကနေ သူတိုရဲ့ အမှတ်ရလဒ်တွေပေါ်မူတည်ပြီး အတန်းခွဲမယ်လို့ ကြားခဲ့တော့သည်။

စာမေးပွဲဖြေတဲ့အခါ သူဟာ သင်္ချာအဖြေလွှာစာရွက်ရဲ့အဆုံးက နောက်ဆုံးမေးခွန်းကြီးကို အပေါက်ချန်ထားခဲ့သည်။

အဆင့်မကောင်းတဲ့ မိန်းကလေးတစ်ယောက်အတွက် သူဒီလိုမျိုးလုပ်ခဲ့ခြင်းသာ။

(ချောင်အန်းဟောင် က စာညံ့တော့ လုကျင်းညန်မှာ သူမနီးဖို့ဆို ရွေးချယ်စရာ ဒီတစ်နည်းပဲရှိတယ်လေ)

အဲ့လိုစိတ်ကူးနဲ့ လုတစ်ယောက် လုပ်ခဲ့ပေမယ့် ရလဒ်ကတော့ တော်တော်ဆိုးရွားခဲ့​၏ ။

ဘယ်သူသိမလဲ ?

သူမဟာ အခန်းတစ် ရသွားလိမ့်မယ်လို့။

သူကတော့ အခန်းသုံး ကိုရောက်သွားခဲ့သည်။

အဲ့ဒီအတန်းခွဲတဲ့နေ့မှာ သူဟာ လုံးဝကို စိတ်ပျက်ခဲ့သည်။

ညအိပ်ရာဝင်တိုင်း ဟိုလှိမ့်ဒီလှိမ်နဲ့ အိပ်မပျော်နိုင်ခဲ့ရှာဘူး။

အိပ်ရေးမဝတာကြောင့် ခေါင်းတွေကိုက်ပြီးနောက်မှာ သူ့အံဆွဲထဲကနေ ပန်းရောင် စာအိတ်တစ်ခုကို ရှာတွေ့သွားခဲ့သည်။

အဲ့အရာက သူ့ရဲ့စိတ်ကိုပိုပြီးတော့တောင် စိတ်ပျက်စေခဲ့​၏ ။

မုန့်စားဆင်းချိန်နောက်အပတ်မှာတော့ သူနဲ့ကောင်လေးအနည်းငယ်က ကျောင်းရဲ့ မုန့်စျေးတန်းကို သွားခဲ့သည်။

သူ သူမကို ဝင်တိုက်မိခဲ့တဲ့ နေရာလေးပေါ့။

ဒါပေမယ့် သူမ ကတော့ သူ့ကိုမမှတ်မိခဲ့ပါဘူး။

သူမဟာ မုန့်တွေအများကြီးကို သယ်လာခဲ့ပြီး ပိုက်ဆံရှင်းဖို့ လုပ်နေတုန်းမှာ လွှတ်ခနဲ ပြောလိုက်မိတာက ။

"အော်.. သမီး ပူတင်းပေါင်မုန့်လေး နည်းနည်းယူဖို့ မေ့သွားတယ်"

လု က အဲဒီစကားကို ကြားလိုက်တဲ့အချိန်မှာပင် မုန့်တန်းကို တည့်တည့်လမ်းလျှောက်ခဲ့သည်။

မတူညီတဲ့ ပူတင်းတွေရှိတဲ့ မုန့်တန်းတစ်ခု ရှေ့မှာ သူ မတ်တပ်ရပ်ခဲ့လျက်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now