အခန်း ၅၉

4.8K 397 3
                                    

လူငယ်ဘဝရဲ့ ပုံရိပ်များ


ညစာစားပြီးနောက် လုဟာ အိပ်ရာခင်းလှဲပြီး သူ့အဆောင်ကို ပြန်သွားဖို့အပြင် ချောင်ဟာ သူ့လက်ကို ဖမ်းဆွဲခဲ့သည်။

သူမ တစ်​ယောက်ထဲကျန်ခဲ့မှာ ​ကြောက်သည့်ပုံဖြစ်နေ၍ သူငြိမ်ခဲ့သည်။

သူ့ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ကွန်ပျူတာကို ဖွင့်ထားခဲ့၏ ။

ချောင်ဟာ အိပ်ရာထဲမှာ ဖုန်းသုံးရင်း လဲလျောင်းနေသည်။

၁၁ နာရီထိ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့်သာ။

ချောင့်ကို ကုတင်ပေါ်မှာ အိပ်​စေပြီး လုက ကြမ်းပြင်ပေါ်မှာ မွေ့ယာတစ်ခုချပြီး အိပ်ခဲ့သည်။

ညလယ်၌ ဟန်ဂျိုးသည် မိုးသည်းထန်စွာ ရွာသွန်းပြီး လျှပ်စီးကြောင်းများ ဝင်းလက်ကာ ရာသီဥတု ဆိုးရွားတော့၏ ။

သို့သော် ချောင်ကတော့ ပြုံးလျက်သာ အိပ်နိုင်ခဲ့သည်။

နောက်တစ်နေ့ ချောင်ဟာ ယာယီမှတ်ပုံတင်လျောက်ခဲ့ပြီး လုက သူမကို လေယာဉ်လက်မှတ်ဝယ်ပေးကာ လေဆိပ်ကို ပို့ပေးခဲ့သည်။

လေယာဉ်ကွင်းထဲကိုမဝင်ခင် လုဟာ သူ့ပိုက်ဆံအိတ်ထဲက ဒေါ်လာအနည်းငယ်ကို ထုတ်လိုက်ပြီး သူမလက်ထဲကို ထည့်ပေးသည်။

စကားအနည်းကျဉ်းပြောတတ်သည့်ထုံးစံအတိုင်း သူမကို ဂရုစိုက်ဖို့နှင့် ဂျင်ချန်းကို ရောက်ခဲ့ပါက သူ့ကို ဖုန်းဆက်ရန်သာ ပြောခဲ့၏ ။

သို့သော် ထိုနေ့ကစပြီး နောက်ပိုင်းအရာအားလုံး ပြောင်းလဲခဲ့တော့သည်။

ဟန်ဂျိုးကိုရောက်ပြီး ချောင်အန်ရှားကို ခေါ်ကာ လုကို ခါတိုင်းလို အပြင်ထွက်ဖို့ခေါ်ပေမယ့် ရုပ်ရှင်ရိုက်နေလို့ မအားကြောင်းသာ ငြင်းခံခဲ့ရသည်။

သူအရင်က သူမသည် ဟန်ဒီယန်းကို လာရောက်လည်ပတ်နိုင်ခဲ့ကြောင်းပြောခဲ့သော်လည်း ယခုအခါ အပြင်လူဆို ဝင်ခွင့်မရကြောင်း ငြင်းခဲ့ပြန်သည်။

့အစကတော့ သူမ သူတပယ်အလုပ်ရူပ်နေသည်ဟုသာ ယုံကြည်ရင်း အများကြီးမတွေးခဲ့ပါ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now