အခန်း ၆ - ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အိမ်ပြန်ခေါ်မယ်

8.7K 871 10
                                    

ချောင်အန်းဟောင် လုကျင်းညန်ကို ချစ်မိနေခဲ့စဉ်ကာလများအတွင်း သူမ၏အိမ်မက်များထဲတွင် မကြာခဏ လုကျင်းညန်ပေါ်ပေါ်လာတတ်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူမ လုကျင်းညန်ကို ကြောက်စရာကောင်းသည်ဟု မြင်လာမိခဲ့သည်။

ယခုတွင်မူ သူ သူမနားကို ရောက်လာခဲ့တဲ့ဘယ်အချိန်မဆို သူမ၌ ကြောက်စိတ်များ စိုးရိမ်စိတ်များပြည့်နှက်ခဲ့လေ၏ ။

လွန်ခဲ့သော ၃လက အဖြစ်အပျက်များ ကျော်လွန်ပြီးမြောက်ခဲ့သော်လည်း ထိုခံစားချက်များက ပို၍ပြင်းပြခဲ့သည်။

ဒီအချိန်တွင် လုကျင်းညန်တစ်ယောက် သူမနောက်တွင်ထိုင်နေခဲ့၏ ။

သူ့စကားအသံနှင့် အသက်ရှူသံကို သတိထားမိလာလေလေ သူမရဲ့စိတ်ခံစားမှုများ မြင့်တက်လာခဲ့လေလေ။

သူမ၏ စိုးရိမ်စိတ်ကြီးမှုကြောင့် လက်ဖဝါးများပင် ချွေးထွက်လာခဲ့သည်။

လုကျင်းညန် နှင့် ဒါရိုက်တာတို့၏ စကားအကြောင်းအရာများမှာ ရုပ်ရှင်ကားများအကြောင်းနှင့် drama ဇာတ်လမ်းများအကြောင်းဖြစ်ခဲ့သည်။

လုကျင်းညန်စကားများများမပြောခဲ့ပေမယ့်လည်း သူ၏စကားလုံးတိုင်းက ချောင်အန်းဟောင် နှလုံးသားကို စိုးထိတ်စေခဲ့၏ ။

ထိုခံစားချက်ကို ဘယ်လိုမှတောင့်မခံနိုင်တော့သည့်အဆုံး ချောင်အန်းဟောင်အနေဖြင့် စားနေသည့်တူများကိုချပြီး ရှောင်မန်းနှင့်အတူ အိမ်သာသွားဖို့ မတ်တပ်ထခဲ့လေသည်။

သို့သော် သူမထခဲ့သည့်အချိန်မှာပင် လုကျင်းညန်လည်း ထခဲ့သည်။

ဒါကတိုက်ဆိုင်တာလား? တမင်လုပ်တာလား?

သန့်စင်ခန်းက သူမနောက်ဘက်မှာ ဖြစ်ခဲ့ပြီး ဟောခန်းမထွက်ပေါက်က သူ့နောက်ဘက်မှာဖြစ်ခဲ့၏ ။

ဤသို့ဖြင့် သူမနောက်ကို လှည့်လိုက်သောအခါ သူလည်းပဲနောက်ကို လှည့်ခဲ့သည်။ ထိုအခါ အကြည့်ချင်းဆုံကြတော့၏ ။

လုကျင်းညန်၏ အကြည့်တစ်ချက်က သူမ၏ဦးခေါင်းကို ထိပ်ထိပ်ပျာပျာ ငုပ်စေခဲ့လျက် သူ၏အကြည့်များကို ရှောင်ရှားစေခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now