အခန်း *၂၀၁ - ၂၁၀*

3.8K 124 33
                                    



ဒါကိုမြင်တော့ ချောင့်ရဲ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။

သူမရဲ့အောက်နှုတ်ခမ်းကို ကိုက်ပြီး အသံတိုးတိုးဖြင့်မေး ခဲ့သည်။

"ရှင်ငါ့ကိုကယ်တင်ဖို့ လာတုန်းကလား။ ရှင် ဒဏ်ရာရခဲ့တာလား"

သူတို့ဟာ ခေတ်မီဒရာမာတွေ ရိုက်ကူးနေတာကြောင့် တိုက်ပွဲဝင်တဲ့ ဇာတ်ကွက်တွေ မရှိခဲ့ပေ။ လုကို ဒဏ်ရာရစေနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ချောင့်ကို ဖမ်းရင်း ကြိုးပေါ်က ပြုတ်ကျချိန်မှာ သူကိုယ်တိုင် ပွတ်တိုက်သွား ခဲ့တာပါပဲ။

ချောင်သည် ထိုနေ့က သူမမျက်လုံးများကိုဖွင့်လိုက်သောအခါ လုကြည့်နေသည့်ပုံစံကိုရုတ်တရက်ပြန်တွေးမိသည်။

ထိုမျက်လုံးများသည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

သို့သော် လု၏အမူအရာသည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားသောကြောင့် သူမ သေချာမသိလိုက်ပေ။

စိတ်ထဲတွင်တော့သူမ အနည်းငယ် သံသယဝင်မိသော်လည်း ယခုတော့ သူ့ကျောကို ထိခိုက်ဒဏ်ရာ ရသွားသည်ကို မြင်လိုက်ချိန်မှာတော့ မေ့ဖျောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည့် သံသယနှင့် ရုန်းကန်မှုများ၊ သူမ၏ အတွင်းစိတ်ခံစားချက်များက တစ်ဖန်ပြန်ပေါ်လာသည်။

လုကျင်းညန်...သူ...သူမရဲ့ရင်တွင်းနက်နဲမှုကို နည်းနည်းလေး ဂရုစိုက်ခဲ့သလား။

ဒါမှမဟုတ် သူမကို ကယ်တင်ဖို့ဘာကြောင့် သူ့ကိုယ်သူ စတေးရတာလဲ။

ချောင်အန်းဟောင်၏ နှလုံးသားသည် ရှုပ်ထွေးသွားသည်။

သူမရဲ့ ပင်ကိုယ်စိတ်က သူမကို မှန်းဆတာမှန်တယ်လို့ပြောခဲ့ပေမယ့် သူမဟာ အတွေးလွန်နေတာကြောင့်လည်း ကြောက်‌နေခဲ့သည်။

သူမ စိတ်ထဲတွင် အချိန်အတော်ကြာအောင် တွေးနေမိသည်။

အဆုံးတွင်၊ လုကျင်းညန်၏ မျက်နှာကို မော့ကြည့်ရန် သူမ၏ မျက်ခွံများကိုညင်သာစွာ မော့ကြည့်ရုံမှတစ်ပါး သူမ မတတ်နိုင်ပေ။

သူမမေးခွန်းကို သေသေချာချာပြန်မေးလိုက်တယ်
"အဲဒီနေ့က ဘာလို့ ငါ့ကိုကယ်ခဲ့တာလဲ"

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now