အခန်း ၄၆

6.2K 586 27
                                    

အခန်း ၄၆

ကျွန်မတို့စတွေ့ခဲ့စဉ်က အကြောင်းပြန်တွေးရင်း ...

လု ဒီလိုဘာကြောင့် လုပ်လဲဆိုတာကို ချောင် နားမလည်ခဲ့ပေ။

သူ့ ခန္ဓာကိုယ်ဖိအားအောက်မှာ သူမ အလိုအလျောက် မျက်စိမှိတ်ခဲ့သည်။

လု မျက်ခုံးဟာလည်း ရေခဲပမာ အေးစက်နေခဲ့လျက်။

ချောင့်ဆီ အကြည့်တစ်ချက်မှ မခွာဘဲ ခေါင်းောင်းကာ ရပ်သည်။

သူမ ကိုယ်ကို တင်းတင်း တွန်းခဲ့မယ့် တခြားလူပ်ရှားမှုမျိုးမလုပ်ခဲ့။

ချောင့် ခေါင်းကနေ ခြေအဆုံး စိုရွဲနေသည်။

သူလည်း ထို့အတူပင်။

သူ့ကိုယ်ပေါ်က အဝတ်လည်း ရေတတောက်တောက်ကျက စိုရွဲလို့နေသည်။

ချောင် သက်တောင့်သက်သာမရှိ။

မျက်လုံးလည်း မဖွင့်ရဲ။

အဆုံးမှာ ရေအေး သို့မဟုတ် အကြောများကြောင့် လူပ်လို့မရတော့ ။

သို့သော် တုန်နေခဲ့သည်။

လု မျက်မှောင်ကြုတ်သည်။

ရုတ်တရက် ချောင့် ပုခုံးကို ကိုက်ချလိုက်၏ ။

ဆရာဆန်း ထိခဲ့သော နေရာ...

ပြင်းပြင်း ကိုက်ခဲ့သည်။

နာကျင်မှုစူးစူးက ချောင့် ပခုံးကို ကျိန်စာသင့်ထားသည့်အလား ။

သူမတစ်ကိုယ်လုံးလည်း နာကျင်ခဲ့သည်။

ဘာမှမသိပဲ သူ့ကိုတွန်းထုတ်ဖို့ သူမ လက်ဆန့်ထုတ်ခဲ့သည်။

သူမလုပ်ရပ်များကြောင့် လု သူမပခုံးကို ပိုကိုက်သည်။

ချောင် နာနေသည်ကို ထပ်မခံစားနိုင်တော့ပါ။

လုကျင်းညန် လည်ပင်းပေါ်သို့ မျက်ရည်များစီးကျလို့လာသည်။

မျက်ရည်နွေးနွေးက လု လည်ပင်းကနေ ရင်ဘတ်ထိ စီးကျလာလျက်။

သူ့တစ်ကိုယ်လုံး အေးစက်နေရာက ပခုံးကိုက်နေသည်ကို ရပ်ပစ်လိုက်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now