အခန်း ၁၀၂

2.8K 211 6
                                    

သူ့ကိုသိပ်ချစ်တဲ့ သူ့အမေသေသွားပြီးနောက် လုရဲ့ စရိုက်ဟာ ပိုလူတောထဲ ဝင်မဆံ့ခဲ့ပေ။

အဘိုးဖြစ်သူဟာလည်း အသက်ကြီးလာလေလေ လုကို လွမ်းလေလေ။

ဤနည်းအားဖြင့် တစ်နှစ်တစ်ခါ မိသားစုညစာစားပွဲတိုင်း လုလေးကို လူလွှတ်ခေါ်ခိုင်းခဲ့သည်။

ဟန်ဝူကျူးဟာ ဘာမှမတုံ့ပြန်ခဲ့တာတောင် သူမကတော့ အမြဲတမ်း မကျေမနပ်နှင့်သာ။

လုဟာ သူ့အဖေရင်းကို ဘယ်တော့မှ တည့်တည့်မကြည့်ရဲသလို ရှီကျားမူက အဖေလို့ ခေါ်လို့ ခေါ်ချင်တာတောင် ဟန်ဝူးကျူးရဲ့ ပိတ်အော်မှုကြောင့် အဲ့အချိန်ကစပြီး လုဘဝထဲ အဖေဆိုတဲ့ စကားလုံးဟာ ကွယ်ပျောက်ခဲ့ရသည်။

လူကြီးတွေနဲ့ယှဉ်ရင် ကလေးတွေဟာ အပြစ်ကင်းစင်ကြသား။

ရှီကျားမူအတွေးမှာ လုနဲ့သူဟာ ဘယမှကွာမနေဘဲ နှစ်နာရီကြီးတဲ့ လုကို သူ့အစ်ကိုကြီးလို့သာ သဘောထားခေါ်ရင်း လုနဲ့အနေနီးခဲ့သည်။

ဒါကိုမြင်တဲ့ မိထွေးဟန်ဝူကျူးဟာ ညီအစ်ကိုတွေကို ခွဲပစ်ခဲ့​၏ ။

လုအဘိုးဆုံးပြီးနောက် လုဟာ ထိုအိမ်ကို ခြေတစ်လှမ်းတောင် မလှမ်းခဲ့ပါ။

ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ရှီကျားမူထက် ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရသည်။

ထိုအကြောင်းကို ချောင်အန်းဟောင်ဆီကနေသင်ယူခဲ့တုန်းကပေါ့။

ချောင်အန်းဟောင်၊ လုကျင်းညန်၊ ရှီကျားမူ သုံးယောက်ဟာ ရွယ်တူပဲ။

ချောင်က သူတို့တွေက် ၂ နှစ်သာ ငယ်​၏ ။

ညီအစ်မနှစ်ယောက်ကို ကျောင်းအတူတူထားနိုင်ဖို့ ချောင်မိသားစုဟာ ချောင်အန်းဟောင်ကို မူလတန်းကျောင်းကို ၂ နှစ်နောက်ကျမှ တက်စေခဲ့သည်။

ရှီမိသားစု နှင့် ချောင်မိသားစုဟာ နီးနီးလေးတင် ဖြစ်​၏။

ချောင်အန်ရှား၊ ချောင်အန်းဒောင်နှင့် ရှီကျားမူ သူတို့ ၃ ယောက်က ကျောင်းလွှတ်ရင် အိမ်အတူတူ ပြန်ကြသည်။

အထက်တန်းရောက်တော့လည်း ကျောင်းဆင်းတိုင်း ရှီကျားမူနဲ့ လုဟာ လယ်ကွင်းထဲ ဘောလုံးကန်ကြတော့ ချောင်အန်ရှားက ရှီကျားမူကို အားပေးပြီး အော်တတ်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now