အခန်း ၉၀ + ၉၁

4.8K 486 63
                                    


ငါက မင်းအတွက် ဘယ်သူလဲ?

သူမ နိုးသွားတော့ သူမအပေါ် ခြုံပေးထားတဲ့စောင်ဟာ ကြမ်းပြင်သို့ လျောချသွားသည်။

အခန်းက တိတ်ဆိတ်နေသည်။

တီဗွီကလည်း ပိတ်ထားသည်။

မိတ္တူစက်က အသံဟာလည်း ငြိမ်သွားသည်။

မိတ္တူကူးလို့ ပြီးသွားလို့ဖြစ်မည်။

ချောင် အိပ်ခန်းဆီကို ခြေလှမ်းအနည်းကျဉ်းလှမ်းလှမ်းဖို့ပြင်တုန်း တစ်ခုခုကို သူမခြေနင်းထားဟန်ရှိသည်ကို သတိထားမိလိုက်ပြီး ကြည့်လေသော် စောင်ပါးလေးတစ်ထည်ဖြစ်နေခဲ့သည်။

စောင်ကိုကိုင်ပြီး ရုပ်တည်ဖြင့် ကြည့်နေမိသည်။

လုက သူမအိပ်ပျော်နေတုန်းမှာ စောင်ခြုံပေးခဲ့တာလား?

လုရဲ့လုပ်ရပ်ဟာ ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်ခဲ့တာတောင် ချောင့်ရဲ့ရင်ထဲမှာတော့ ပျော်ရွှင်မှုပီတိဖြာသွားသည်။

သူမနူတ်ခမ်းထောင့်များက အပေါ်သို့ နူးနူးညံ့ညံ့ ကွေးတက်သွားသည်။

စောင်ကို တင်းတင်းဖက်ပြီး အိပ်ခန်းဆီ သွား၏ ။

အိပ်ခန်းတံခါးက ဖွင့်ထားပြီး မီးလည်း ဖွင့်ထားသည်။

ချောင် အလျင်စလိုမသွားခဲ့ဘဲ အခန်းတံခါးရှေ့မှာ ရပ်ခဲ့သည်။

ပထမတုန်းက ဧည့်ခန်းထဲကနေ ဆေးလိပ်နံ့များကို မရခဲ့ပေမယ့် အခန်းတံခါးမှာ ရပ်နေတုန်း အနံ့ရခဲ့သည်။

မျက်မှောင်ကြုတ်ပြီး လုကို ရှာသော် အစ်ကိုတော်က စားပွဲပေါ်ကို ခပ်တည်တည် ခြေထောက်တင်ပြီး လှဲနေတာ တွေ့သည်။

ချောင် တံခါးခေါက်ခဲ့ပေမယ့် လုက ပြန်မဖြေသောကြောင့် လန့်သွား၏ ။

" ဆရာလု" ဟုခေါ်လိုက်သည်။

သူပြန်မဖြေခဲ့ပါ။

စားပွဲပေါ်မှာ အိပ်မောကျနေသည့်ပုံ။

ချောင် အခန်းထဲသို့ မဝင်ခင် ချီတုံချတုံဖြစ်နေပြီးနောက် ပြတင်းပေါက်တံခါးကို သွားဖွင့်ခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now