အခန်း ၃၉ - ပြဿနာဖြစ်မှာစိုးတယ်

5.8K 572 10
                                    


တစ်ခဏလေးတွင်းပင်...

ချောင်အန်းဟောင်ရဲ့ ဆရာဆန်းရှေ့ ပြေရာပြေကြောင်းပြောပြနေတဲ့ အမူအရာက လုကျင်းညန်ရဲ့ စိတ်ထဲမှာ ဘွားခနဲထွက်ပေါ်လာသည်။

သူ့မျက်နှာအမူအရာဟာ ပြောင်းသွားပြီး နွေးထွေးမှုမရှိတဲ့ အသံအနေအထားဖြင့် သူပြော၏ ။

" မင်းက အရမ်းအတွေးလွန်တယ်နော် "

ချောင်အန်းဟောင် သံသယဖြစ်စိတ်နဲ့ ခေါင်းကိုမော့လိုက်ရင်း....

အတွေးလွန်တယ်လား?

လုကျင်းညန်ရဲ့ ညို့ယူဖမ်းစားနိုင်လွန်းသည့် နူတ်ခမ်းများမှာ သရော်လှောင်သော အပြုံးတစ်ခုကို ပြုလုပ်လိုက်သည်။

အေးစက်မာထန်သော အသံဖြင့်

" ငါမင်းကို မကူညီခဲ့ဘူး။ ငါ့ဆီရောက်လာမယ့် ငါ့ဒုက္ခ ငါမသယ်ချင်ရုံ။ မင်းငါ့ဘေးမှာ နေနေကတည်းက ရုပ်ဆောင်မင်းသမီးအသစ်တစ်ယောက်က ရုပ်သံဇာတ်လမ်းတွဲတွေမှာ ဒုတိယဇာတ်လိုက်မင်းသမီးနေရာလုပ်တယ်ဆိုတော့ အတင်းအဖျင်းတွေက ရှိလာမှာပဲ။

ငါက မင်းကြောင့် ငါ့သိက္ခာမထိခိုက်ချင်လို့ ဝင်ပြောပေးခဲ့တာ "

သူ သူမကို ကူညီခဲ့သည်မဟုတ်။ သူ ဒုက္ခရောပ်မည်စိုး၍ သူ့ကိုယ်သူကယ်တင်ခဲ့ခြင်းသာ။

သူမက နောက်ဆုံးတော့ အတွေးလွန်နေခဲ့ခြင်းပင်။

စိတ်ပျက်မှုကို ကာကွယ်ရင်း...

ချောင်အန်းဟောင်ရဲ့မျက်တောင်များ နိမ့်ဆင်းသွားခဲ့လျက်...

သူမ ဘာပြောရမှန်းမသိ၊ စကတ်ကိုသာ ကျစ်ကျစ်အောင်ဆုပ်ကိုင်ရင်း နူတ်ခမ်းများက တုန်ရီနေ၏ ။

လုကျင်းညန် ချောင်အန်းဟောင် ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူမကို ကျော်ပြီး ခပ်ကျဲကျဲလမ်းလျောက်သည်။

သူအကြာကြီးထွက်သွားပြီးသည်အထိ ချောင်အန်းဟောင်မှာ စိတ်ခံစားမှုမဲ့စွာ ကျန်နေခဲ့ကာ...

မော်တော်ကားဟွန်းသံစူးစူးကြားမှသာ သတိပြန်ဝင်လာ၏ ။

ရှောင်မန်းရဲ့ ကားရောက်လေပြီ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now