အခန်း * ၁၇၆ - ၁၈၀ *

1.1K 75 2
                                    

ချောင့်ခမျာ သူမရဲ့ နာကျင်နေတဲ့နဖူးလေးကို ပွတ်သပ်ရန် လက်ကို မြှောက်လိုက်သည်။

"ခြစ်မိရုံပါကလေးပါပဲ။ နှစ်ရက်အတွင်း သက်သာသွားမှာပါ။ အမာရွတ်လုံးဝမကျန်ပါဘူး။ တကယ်ဆေးရုံသွားစရာမလိုပါဘူး။"

ဒါရိုက်တာလည်း ကယ်လိုအားမထုတ်နိုင်သောကြောင့် လုရဲ့အမြင်ကိုသာ စောင့်ခဲ့သည်။

လုက ချောင့်နဖူးတစ်ပြင်လုံးမှ သွေးများစွန်းထင်းနေခဲ့တာကို တစ်ချက်ကြည့်လိုက်သည်။

"ဆေးရုံသွားပါ!" လို့ သူပြောလိုက်တဲ့အခါ သူ့ရဲ့အငြင်းလေသံက တကယ့်အဖြေတော့ မဟုတ်နေခဲ့ပေ။

"မင်း ဒီဒုက္ခ​တွေကို အကုန်လုံး ​​ကျော်​ဖြတ်​နေဖို့ မလိုဘူး..."

ချောင်တောင် စကားမဆုံးသေးတဲ့အချိန် လုက ကြားဖြတ်ပြော​၏ ။

"မချောင် မင်းက မတော်တဆဖြစ်ထားတာ။ မင်းက ငါတို့ ရင်းနှီးမြှုပ်နှံထားတဲ့ဇာတ်ဆောင်ထဲကက အစိတ်ပိုင်းတစ်ခုပဲ၊ မင်းနေကောင်းနေပြီ၊ ဆေးရုံသွားစရာမလိုဘူးပြောနေပေမဲ့ နောက်ကျ ဆေးရုံသွားပြီး စစ်ဆေးကြည့်လိုက်လို့မှ တစ်ခုခုဖြစ်နေရင် ငါတို့တွေအကျပ်ရိုက်ကုန်လိမ့်မယ်။ "

ချောင်ကတော့ သူမဘယ်တော့မှ ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ရှင်းပြချင်ပေမယ့် လုကြီးက သူမကို အခွင့်အရေးမပေးတဲ့အပြင် သူ့ကိုယ်ပိုင်မေးခွန်းကိုပဲ ပြန်ဖြေရင်း

"ဒါ့အပြင် မင်းက ငါ့ ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာ မမေ့နဲ့ဦး။ မတော်တဆမှုတစ်ခုဖြစ်ပြီးလို့မှ မင်းဆေးရုံကို မသွားဘူးဆိုရင် ငါ့ကုမ္ပဏီက အနုပညာရှင်တွေအပေါ် အလွဲသုံးစားလုပ်နေတယ်ဆိုပြီး အရှုပ်အရှင်းတွေ မကြားချင်ဘူး!"

လု စကားပြောနေတုန်းပဲ ဒါရိုက်တာလက်ကနေကားသော့ကို လုယူလိုက်ပြီး ချောင့်လက်မောင်းဆီသို့ တည့်တည့်သွားခဲ့သည်။

သူမကို လှမ်းကိုင်လိုက်ရင်း သိပ်မဝေးတဲ့နေရာမှာ ရပ်ထားသော ကားဆီသို့ ပြေးသွားသည် ။

ခြေလှမ်းနှစ်လှမ်းလောက်ကြာတော့ သူ ရုတ်တရက် တစ်ခုခုကို တွေးမိသွားတဲ့ပုံပဲ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now