အခန်း ၅၈

5K 413 4
                                    

လူငယ်ဘဝရဲ့ ပုံရိပ်များ

ထိုအချိန်က ဟန်ဂျိုးနှင့် ရှန်ဟိုင်းမှာ ရထားတစ်နာရီစီးရုံနှင့် ရောက်နိုင်သည်။

ထို့ကြောင့် ချောင်ဟာ ရှန်ဟိုင်းက ချောင်အန်ရှားဆီ မကြာခဏဆိုသလို အလည်ပတ်ပြုနိုင်ခဲ့သည်။

အတူတူလည်း ရှန်ဟိုင်းထက် ​ပျော်စရာများနေစော ဟန်ဂျိုးကို သွားနိုင်ခဲ့ကြသည်။

ဟန်ဂျိုးမှာ ချောင်ရောက်ကတည်းက အွန်လိုင်းမကြာခဏတက်ပြီး လုကို နောက်သလိုလိုနှင့် နေ့လည်စား ထမင်းစားဖိတ်ခဲ့၏ ။

အချိန်တိုင်း လုက သူမ ဖိတိကြားမှုကို လက်ခံပြီး သူမကိုရော ချောင်အန်ရှားကိရြော ခေါ်ကာ ထမင်းအတူတူစားခဲ့သည်။

သူမရဲ့ တက္ကသိုလ် လေးနှစ်တာမှာ ဘေကျင်းကနေ ရှန်ဟိုင်းသို့ သွားသည့်လေယာဉ်လက်မှတ်များ၊ ရှန်ဟိုင်းကနေ ဟန်ဂျိုးကိုသွားသည့် ရထားလက်မှတ်များ ၊ ဘေဂျင်းကနေ ဟန်ဂျိုးသို့ ပြန်သည့်လေယာဉ်လက်မှတ်များ အပုံလိုက်စုဆောင်းမိခဲ့သည်။

လက်မှတ်ပုံတစ်ခုချင်းစီက လုနှင့် တွေ့ဆုံခြင်းများကို ကိုယ်စားပြု၏ ။

ဒီလိုကလည်း မမှန်!

လက်မှတ်သုံးခုလောက်ကိုနုတ်လိုက်ပါ သူတို့တွေ့ခဲ့ကြသည့် အကြိမ်များကို ပြသနေပေလျက်။

သူ သူမကို သုံးကြိမ်လောက်မတွေ့ခဲ့။

နောက်ဆုံးမှသာ သူမဆီ ရောက်လာခဲ့သည်။

သူမရဲ့ ပေါ့ဆမှုကြောင့် ရထားဘူတာမှာ ပိုက်ဆံအိတ်ပျောက်သွားခဲ့သောအချိန်။

စိတ်အနှောင့်အယှက်ဖြစ်နေရမည့်အစား သူမပိုက်ဆံအိတ်ကို ခိုးသွားသည့်သူကို ကျေးဇူးတင်နေမိသည်။

လုဆီ စာပို့ခဲ့ပြီးနောက် သူကနေ သူမရှိနေသောနေရာကိုမေးပြီး အရောက်လာခဲ့၏ ။

မကြာခင် လုမှာ ရှေးခေတ်ဝတ်စုံကြီးနှင့် ရောက်ချလာခဲ့ပြီး ထိုဝတ်စုံမှာ လူတကာအာရုံစိုက်ရလောက်အောက် စုတ်ပြတ်သတ်လွန်းနေ၏ ။

တက္ကစီထဲဝင်ပြီးနောက် သူမသဘောပေါက်သွားသည်က လု ဟန်ဒီယန်းမှာ ရုပ်ရှင်ရိုက်နေသည်ကို။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now