အခန်း ၁၁၀ + ၁၁၁

2.9K 223 4
                                    

ချောင်က လုကိုကြည့်လိုက်မိတာ အသားတွေတုန်တတ်သွားပြီးနောက် သူမရဲ့ပြောမယ့် နောက်ဆုံးစကားကိုတောင်မှ မြိုချခဲ့ရသည်။

အဲ့ဒီလိုနဲ့ လု ရဲ့မျက်နှာက ကားထဲက ထွက်ဖို့ပြင်နေတဲ့ချောင့်ကို တွေ့တော့ ပိုပြီးပိုပြီးတော့တောင်မှ အေးစက်သွား​၏ ။

ချောင်လည်း သူမရဲ့နှုတ်ခမ်းကို ကိုက်ထားပြီး ဘာမှမပြောရဲပါ။

ကားထဲမှာ တိတ်ဆိတ်သွားတာတဲ့ အဲဒီလိုအခြေအနေက သူမကို နောက်ထပ် အသက်ရှူဖို့တောင် ခက်ခဲသွားစေခဲ့သည်။

သူမကိုယ် သူမ စိတ်ဖြေလျော့ဖို့ ရေဒီယိုက ကြော်ငြာကိုသာ အာရုံစိုက်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် နှစ်မိနစ်လောက်ကြာမှာ ရေဒီယို က သီချင်းလာခဲ့တော့ သူမရဲ့ ကျောင်းတုန်းက ခနခန နားထောင်ပြီး ကြိုက်နှစ်ခဲ့ရသည့် သီချင်းဟောင်းလေးဖြစ်နေခဲ့​၏ ။

နာမည်ကိုတော့မမှတ်မိနိုင်ခဲ့ပေ။

တီးလုံးအစက နည်းနည်းလေး ရှည်သည်။

ဒါပေမယ့် တဖြည်းဖြည်း အဆိုတော်ရဲ့အသံထွက်လာတဲ့အခါ ပထမ စာလုံးကိုနားထောင်ပြီးတဲ့အချိန်မှာပဲ သူမက ဂျေချူး ရဲ့ သီချင်းတစ်ပိုဒ် ဖြစ်တယ်ကဆိုတာကိုပြောနိုင်ခဲ့လိမ့်မည်။

"ကော်ဖီကလေးကို သောက်ပြီးနောက်
ကိုယ့်ခံစားချက်လေးတွေကို မြိုသိပ်ထားပါရစေ ...

ဆက်ရှင်သန်ဖို့ ခက်ခဲတဲ့အတိတ်ကို
ကိုယ့်မျက်နှာပေါ်မှာ မြင်ရလိမ့်မယ် ....

မိုးရွာတဲ့နေ့တွေဟာ အရမ်းမလှလွန်းဘူးလားကွယ် ...

အတူတူမိုးခိုခဲ့တဲ့ အဲဒီအိမ်ကလေးက"

ချောင် ထိုသီချင်းစာသားကို ကြားခဲ့တဲ့ မိနစ် ပိုင်းမှာတင် လျှို့ဝှက်ချက်လို့ခေါ်တဲ့ သီချင်းရဲ့ နာမည်ကို ရုတ်တရက် မှတ်မိသွားခဲ့​၏ ။

ဂျေချူး က သီချင်းအေးအေးလေးတွေ အထွက်များခဲ့သည်။

သူမ ကျောင်းတုန်းကဆို လူတိုင်း သူ့ကို ကြိုက်ခဲ့ကြသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now