အခန်း ၁၂၇ + ၁၂၈ + ၁၂၉

2.5K 226 19
                                    

အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့


ဘယ်လိုပဲတွေးတွေး ချောင်ဟာ စိတ်လွတ်ပြီး အပူမိခဲ့သည်။

( crush နဲ့ နမ်းလိုက်ရတော့ ခဏတာ အပျော်လွန် အရူးလွန်သွားတယ်လို့ တင်စားတာ)

သူတို့ အဲဒီညက Cut တွေ အများကြီးရှိခဲ့ကြတာကြောင့် တော်တော်ပင်ပန်းခဲ့ကြသည်။

ဒါကြောင့် သူမမိတ်ကပ်ကို ဖျက်ပြီးတဲ့အခါသူမ အမှိုက်ပုံကြီးကို ငုံ့ကြည့်မိသည်။

ဟိုတယ်ကို ပြန်ရောက်တော့ သူမကရေချိုးပြီးအိပ်ရာဆီကို ဦးတည်လိုက်​၏ ။

သူမ ဖုန်းကို ထုတ်လိုက်ရင်း သူမအကျင့်အရ အလန်းပေးဖို့ လုပ်နေတုန်း လုနှင့် မနက်ဖြန်တွင် သူမ မည်သည့်ရိုက်ကွင်းမှ မရှိတာကို သတိရသွားသည်။

ဖုန်းကို အသံပိတ်ပြီး ကုတင်ဦးခေါင်းက အံထဲ ထားသည်။

သူမ ကောင်းစွာ အိပ်မပျော်ခဲ့ပေ။

လုကြောင့် ညရိုက်ကူးရေးမှာ သူမအား မောပန်းစေခဲ့တာကို ဘယ်သူသိနိုင်မလဲ?

သို့သော် သူ၏လှပသောဝန်ခံခြင်းကိုမူ သူမ အိမ်မက်ထဲတောင် မက်ခဲ့သည်။

သူမ ရင်ထဲထိသွားပြီး
ပျော်ရွှင်မြူးထူးသွား​၏ ။

သူမနှလုံးသားထဲတွင် နှစ်နှစ်ကြာသိုဝှက်ထားခဲ့သောစကားများကို ဖြည်းဖြည်းချင်းပြောရင်းသူမမျက်နှာအနည်းငယ်နီမြန်းလာခဲ့သည်။

"လုကျင်းညန်၊ ရှင့်ကို ဆယ့်သုံးနှစ်ကြာအောင် ချစ်နေခဲ့တာ သိရဲ့လား ... ? "


သူမ စကားစပြောအပြီးမှာ ချောင့်မသိစိတ်က လုကိုပွေ့ဖက်ချင်ခဲ့ပေမယ့် သူမကလေကိုပွေ့ဖက်ခဲ့ရင်း။

ထို့နောက် သူမမျက်လုံးကိုဖွင့်လိုက်တဲ့အခါ ရှောင်မန်းသည် အိမ်ရှိမီးများအားလုံးကို ပိတ်လိုက်သောကြောင့် အရာအားလုံးမှောင်မဲသွားသည်။

အခြားကုတင်ပေါ်တွင် ရှောင်မန်းက မြန်မြန်အိပ်ပျော်သွားပြီး အနည်းငယ်ဟောက်လာသည်။

သို့သော် ချောင်ကမူ အိပ်ပျော်ချင်သည့်အရိပ်အယောင်မပြခဲ့ပေ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now