အခန်း ၁၄၆ + ၁၄၇ + ၁၄၈

1.8K 131 5
                                    


{မင်းရော မိုးရွာတဲ့နေ့တွေကို ကြိုက်တာလား? }

လုကနေ ရက်ရက်စက်စက် အားပြင်ပြင်းနဲ့ နမ်းနေတာက ကိုက်ခဲ့တဲ့အတိုင်း။

ချောင့်အနေနဲ့ သူမကို သေလုနီးပါးနာကျင်စေခဲ့တဲ့ အရင်နှစ်ကြိမ်ကို ပြန်သတိရတော့ ကြောက်လာသည်။

လု သူမကို နမ်းလိုက်တော့ တုပ်တုပ်တောင် မလူပ်နိုင်ဘဲ။

နာကျင်မှုတွေကြောင့် သူမရဲ့မျက်လုံးထောင့်တွေထဲ မျက်ရည်များက စို့တက်လို့လာသည်။

လုကလည်း ချောင့် တုန်လှုပ်နေတာကို သိသိသာသာ ခံစားလိုက်ရသည်။ 

အောက်ကို ငုံ့ကြည့်တော သူမ မျက်လုံးများထဲက အစိုဓာတ်ကို တွေ့လိုက်ရတဲ့အခါ ...

သူ ရုတ်တရက် သတိရသွားတာက သူမ ကုတင်ပေါ်  ပက်လက်လှဲပြီး စာရွက်တရွက်လို ဖြူဖွေးနေတဲ့မျက်နှာလေးဖြစ်ခဲ့သော ယခင်အချိန်ပင်။

မသိစိတ်ကနေ သူမပခုံးတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိတဲ့ သူ့အမူအရာက အေးစက်နေသေးပေမယ့် သူ့လုပ်ရပ်တွေကတော့ ပိုနူးညံ့ပြီး ပျော့ပျောင်းလာသည်။

အားလုံးပြီးဆုံးသွားသောအခါ လုလည်း  ချောင့်က်ိုယ်ပေါ်မှာ လှဲချလိုက်သည်။

သူ စိတ်လျော့လိုက်တော့ သူ့ဦးနှောက်တစ်ခုလုံး ရွှဲနစ်သွားသလိုမျိုး မှုန်ဝါးလာသည်။

ချောင့်ရဲ့ကိုယ်ပေါ်မှာတော့ ဟောဟဲဖြစ်နေဆဲ။

သူ့မသိစိတ်ကနေ ချောင့်ဆံပင်တွေကို တွေ့ထိတေယ့မဲ့အတိုင်း၊ ဒါပေမယ့် သူလက်လှမ်းမမှီခင်မှာ လက်ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲယူလိုက်ရင်း လက်သီးဆုပ်ထားခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now