အခန်း ၉၉ + ၁၀၀

4.6K 376 33
                                    

တားမြစ်ခံထားရတဲ့ အချစ်

" အစ်ကို့အတွက် ချောင်အန်းဟောင်က ဘယ်သူလဲ?"

အဲဒီစကားလုံးအနည်းကျဉ်းက လုကို အသေသတ်ခဲ့သည်။

ဒါပေမယ့် ယာယီလောက်သာ။

ချက်ချင်းဆိုသလို " ရူးနေတာပဲ" ဟူသော စကားလုံးကို ရယ်သံပါးပါးဖြင့် သူပြောလိုက်ရင်း သူဟာ ခြေလှမ်းမိုင်ကုန်တင်ပြီး ဆောင်ရှန်စီကို မွေးနေ့ပွဲမှာ ထားခဲ့သည်။

" ရူးနေတယ်တဲ့လား?"

ဆောင်ရှန်စီဟာ သူမရဲ့နူတ်ခမ်းများကို ခပ်တင်းတင်း ပိတ်သည်။

" ဖြီး"

ဆရာလုကြီးက သူမကို ရူးတယ်လို့ ပြောလိုက်တာလား?

ဒါမှမဟုတ် မချောင်အန်းဟောင်ကိုများ ပြောလိုက်တာလားပဲ?

-

လု မွေးနေ့ပွဲကနေ ထွက်လာတဲ့အချိန်ဟာ မိုးသည်းနေလေပြီ။

သူ့လက်ထောက်က အလုပ်ရူပ်နေတာကြောင့် မြို့ကို သူ့ဘာသူပြန်လာလိုက်သည်။

ကားကိုဖွင့်ပြီး ဒရိုင်ဘာထိုင်ခုံမှာ ထိုင်သည်။

ကားပြတင်းပေါက်ပေါ် ရွာချနေသည့် မိုးကို စိုက်ကြည့်ခဲ့သည်။

သူ့မျက်လုံးများဟာ တစ်ခဏကြာတော့ ဝါးလာတာကို ခါရမ်းရင်း လမ်းမပေါ် ဖြည်းညှင်းစွာ မောင်း၏ ။

အပြင်က မိုးသည်းထန်နေသော အသံကို ကားထဲကနေတောင် ကြားရသည်။

တဖောက်ဖောက်ကျ​ရောက်နေသည့် မိုးစက်တွေဟာလည်း လုရဲ့ဘယ်ဖက်ရင်ဘတ် အနူးညံဆုံးအပိုင်းကို ကျရောက်ခဲ့သည်။

ထိုမိုးစက်တို့က သူ့နှလုံးသားကို တောင့်တင်းသွားစေသလိုမျိုး။

နောက်ဆုံး သူကားရေဒီယိုကို ဖွင့်သည်။

ရေဒီယိုက ရိုးဟာ သူ့လက်ထောက် ကား​မောင်းနေရင် နား​ထောင်တတ်သည့် အကြိုက်ဆုံးတစ်ခုဖြစ်ခဲ့ပြီး အချစ်နဲ့ rs အကြောင်းရဲ့ ရိုးတစ်ခုပင်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now