အခန်း ၇၀

6K 479 5
                                    

ဝက်ဝက်ကွဲလူကြိုက်များပြီး တန်ဖိုးအနှစ်သာရရှိသော သရုပ်ဆောင်ချက်

လုကျင်းညန်ရဲ့ အလျင်စလိုကိစ္စကြောင့် ရုပ်ရှင်ဟာ လေးရက်တာမျှ ရပ်နားထားခဲ့ရသည်။

သူတို့ရုပ်ရှင်ပြန်ရိုက်ကြသည့်အခါ လုနှင့်ချောင်ဟာ ပွဲထုတ်ခြင်းခံရ၏ ။

ရုပ်ရုင်စရိုက်သည့်ပထမနေ့မှာ ရာသီဥတုသာယာပြီး အဖွဲ့တစ်ခုလုံးဟာ အချိန်ဇယားချထားသည်ထက် ခပ်​စောစော စုစည်းခဲ့ကြသည်။

ချောင် မိတ်ကပ်ပြင်ပြီးတဲ့အခါ လုက ခါတိုင်းလို စောင့်နေသည်။

သူ့ဘေးပတ်ဝန်းကျင်မှာ နှစ်မီတာလောက် လွတ်နေသည်။

သို့ပေမယ့် ဘယ်သူမှ သူ့အနားမကပ်ရဲကြပေ။

မင်းသမီးတွေတောင် သူလာရာလမ်းမှာ ငေးမောကြည့်နေကြရုံသာတတ်နိုင်၏ ။

ဒါရိုက်တာဟာ ချောင့်ကိုမြင်သွားပြီးနောက် လကြို သတင်းပို့သည်။

အားလုံးဟာ သူတို့ကျရာတာဝန်များကို ယူပြီးြ
ရိုက်ကူးမှု စတင်ကြ၏ ။

ဇာတ်လမ်းထဲမှာ ဒုတိယဇာတ်လိုက်မင်းသားနှင့် မင်းသမီးသည် ငယ်သူငယ်ချင်းများဖြစ်ကြပြီး မင်းသားအတွက် မင်းသမီးဟာ ညီမတစ်ယောက်သာဖြစ်ပြီး မင်းသမီးအတွက်တော့ မင်းသားဟာ အချိန်တစ်ခုကြာ လျှို့ဝှက်ချစ်ခဲ့ရသည့်လူတစ်ယောက်ပင်။

မင်းသားဟာ သူချစ်ခဲ့သည့်မိန်းမကို လက်ထပ်ယူဖို့ပြင်ဆင်ခဲ့နေ့မှာ မင်းသမီးလည်း သူမကိုယ်သူမ မထိန်းနိုင်ဖြစ်ကာ ထိုမိန်းမနှင့် အတူမနေရဖို့ နှောင့်ယှက်ဖျက်ဆီးခဲ့သည်။

ဒီနေ့ရိုက်ကူးရမည့်အခန်းသည် မင်းသားချစ်သောမိန်းကလေးနှင့် လက်မထပ်ရတာကြောင့် ပြည်ပထွက်ခွားဖို့လုပ်နေသည်ကို မင်းသမီးကနေ လာရောက်ချော့မော့သည့်အခန်းအား ရိုက်ကူးမည်ပင်။

ဒါရိုက်တာကနေ "စမယ်" ဟု ပြောလိုက်သည်နှင့် ကင်မရာများဟာ လုဘက်ဆီ ချိန်ကြသည်။

ဝေဝေဆာဆာမြိုင်မြိုင်ဆိုင်ဆိုင် ဖွဲ့စည်းပြင်ဆင်ထညးသည့် အခန်းထဲတွင် လုဟာ ကြမ်းပြင်ပေါ်တွင် ပျော့တိပျော့ခွေနေပြီး သူ့အဝတ်အစားများဟာလည်း တွန့်ကြေနေသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now