အခန်း ၇၃

4.3K 379 2
                                    

ဝက်ဝက်ကွဲလူကြိုက်များပြီး တန်ဖိုးအနှစ်သာရရှိသော သရုပ်ဆောင်ချက်

လုဟာ တီဗွီရုပ်သံဇာတ်လမ်းတွေထဲ လွယ်ကူထင်ရှားစွာ ပါဝင်တတ်ပြီး လွယ်လွယ်လေး ပေါက်ကြားသည်။

သူနဲ့အတူသရုပ်ဆောင်တဲ့မင်းသားတွေ ကလည်း သူအလုပ်လုပ်သည့်ပုံစံကို နေသားကျနေခဲ့သည်။

ရုပ်ရှင်ရိုက်ပြီးတိုင်း ဘယ်မင်းသား မင်းသမီးကိုမှ စကားမပြောဘဲ လှည့်ထွက်သွားတတ်၏ ။

ဒါရိုက်တာ cut လို့အော်ရင် ရပ်သည်။

လူအုပ်စုဟာ ချောင်နှင့်လု ခပ်ဝေးဝေးမှာရှိနေကြတာကြောင့် သူတို့ကိုသံသယမဝင်ခဲ့ကြပေ။

ဒါရိုက်တာဟာ ရိုက်ကူးပြီးတဲ့ဇာတ်ဝင်ခန်းကို ပြန်ကြည့်နေပြီး လုကိုဝေဖန်ချက်မပေးခင်မှာ ချောင့်ကို

"ချောင်အန်းဟောင်သရုပ်ဆောင်တာ လုံးဝစင်းလုံးချောကောင်းတယ်ဗျာ...လုကျင်းညန်နဲ့အလုပ်လုပ်တာကြာလို့ မြင်ခဲ့ဖူးသမျှတွဲဖက်သရုပ်ဆောင်တွေထဲမှာ​ ​ဆောင်ရှန်စီလို သူနဲ့အပေးအယူမျှမျှ လိုက်သရုပ်ဆောင်နိုင်တာ ဒါပထမဦးဆုံးပဲ... သူနဲ့အတူသရုပ်ဆောင်ဖူးတဲ့ တစ်ခြားသရုပ်ဆောင်တွေတောင် သဘာဝကျကျ သရုပ်မဆောင်နိုင်ဘူး.... မင်းကတစ်ကယ့်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်...." ဟု ချောင့်ဘက်ကို လှည့်ပြီး အားပါမာန်ပါဖြင့် တကယ့်စိတ်ရင်းဖြင့် ချီးမွမ်းလေသည်။

သူမက သူမတကယ့်နဂိုပုံစံအတိုင်း သရုပ်ဆောင်တာဖြစ်လို့ မကောင်းစရာမရှိပါ။

ချောင်က ချီးမွမ်းတာကို မကန့်ကွက်ဘဲ "ကျေးဇူးတင်ပါတယ်" ဟုပဲပြန်ပြော၍ မိတ်ကပ်ပြင်ဖို့ ထွက်သွားသည်။

လူအုပ်ကြီးကလည်း သူမကိုကြည့်ဖို့ ဝိုင်းအုံလာကြပြီး လေးစားမှု ချီးမွမ်းစကားတွေနှင့် ပြည့်နှက်နေသည်။

"တက်သစ်စက ဒီလောက်သရုပ်ဆောင်ကောင်းမယ်လို့ မထင်ထားခဲ့မိဘူး"

"ဟုတ်တယ်...ဒါ့ကြောင့်လည်း ညစာစားပွဲတုန်းက ဆရာလုရဲ့ချီးမွမ်းတာ ခံရတာမမှားတာကို"

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now