အခန်း ၂၉ - ရုပ်ရှင်အဖွဲ့ထဲ တရားဝင်ပါခြင်း

6.4K 643 6
                                    


လုကျင်းညန်၏ အိမ်တော်ကနေ ထွက်လာပြီးနောက် မီယန်ရှူးဥယျာဉ်တော်သို့ ဖြောင့်ဖြောင့်တန်းတန်း မောင်းခဲ့သည်။

ဘာကျော်ကြားမှု ... ဘာအလုပ်မှမရှိဘဲ အိမ်တော်ထဲတွင် ၄ ရက်တာမျှ ခိုအောင်းနေခဲ့သည်။

ဤ ၄ ရက်လုံး၌ လုကျင်းညန် တစ်ရက်မှ အိမ်ပြန်မလာခဲ့ပေ။

တစ်ညတွင် နေ့ခင်းဘက်တွင် ကြာကြာအိပ်ခဲ့မိခြင်းကြောင့် လူးလွန့်လိုက် လှည့်လိုက်ဖြင့် အိပ်မပျော်ဖြစ်နေခဲ့သည် ။

သူမရဲ့ ဖုန်းကို ယူလိုက်ပြီး အချိန်ကြည့်သည်။

မနက် ၁၂ နာရီ ထိုးလုနီးပါးပင်။

" သူ ဒီည ထပ်ပြီး ပြန်မလာလောက်တော့ဘူး "

တွေးရင်း အိပ်ရာထဲက လုကျင်းညန်အိပ်ခဲ့ဖူးသည့် နေရာလွတ်ကို ကြည့်ခဲ့၏ ။

သူ ပြန်ရောက်လာပါက သူမ စိုးထိတ်နေရမည်။

သို့သော် သူပြန်ရောက်မလာပါကလည်း သူမ ကိုယ်သူမ စိတ်ပျက်ခဲ့ပေလိမ့်မည်။

စောင်ကို တွန်းဖယ်ပြီး အိပ်ရာထခဲ့သည်။

လသာဆောင်ဆီ လမ်းလျောက်ရင်း ညဘက်ကို ကြည့်ရူသည်။

အထီးကျန်ဆန်သော ခံစားချက်များက သူမမျက်နှာပေါ်တွင် ပြည့်နှက်နေပေသည်။

သူ့ရဲ့နှလုံးသားမှာ... သူမကို ဇနီးတစ်ယောက်အနေဖြင့်တွေးပြီး လက်ခံထားရှိထားခြင်း မရှိပေ။

၅ လကြာပြီးသည်ထိ ဤ အခန်းလွတ်ကြီးထဲ၌ သူမကို တစ်ယောက်ထဲ ထားသွားခဲ့လေသည်။

အပြင်ဘက်ကို အကြာကြီးငေးမောကြည့်နေခိုက်...

ဖုန်းမြည်လာသည်။

အခန်းထဲကို ပြန်ဝင်ပြီး ဖုန်းယူကာ ကြည့်လိုက်သော် အမည်မသိဖုန်းနံပါတ်ကို တွေ့လိုက်ရသည်။

ဒီအချိန်ကြီး သူမကို ဘယ်သူ ခေါ်ခဲ့လိမ့်မလဲ?

သူမ မဖြေခင် ချီတုံချတုံဖြစ်နေခဲ့လျက်...

အသံချိုချိုလေးဖြင့် သူမမေးခဲ့သည်။.

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now