အခန်း ၆၅

5.4K 407 20
                                    

ဒီမှာလက်မှတ်ထိုး


ထိုအချိန်က သူမဟာ လုကို တစ်နှစ်နီးပါးကြာအောင် မတွေ့ခဲ့ရ​ဘဲ သူတို့နောက်ဆုံးတွေ့ဆုံမှုက ရှီကျားမူရဲ့ မွေးနေ့ညစာစားပွဲ၌ပင်။

သို့ပေမယ့် သူ သူမကိုတွေ့ဖို့လာခဲ့သော်လည်း သူမက ထောင့်တစ်ထောင့်မှာ ပုန်းနေခဲ့ပြီး ဝင်လာတဲ့သူ့ကို အဝေးကနေသာ လျှို့ဝှက်ရင်း ကြည့်ခဲ့၏ ။

ထိုအချိန်က သူမဟာ သူတို့တွေ အတူတူနေနိုင်ခဲ့လိမ့်မယ်လို့ အယူအဆကို လက်လျော့ခဲ့ထားပြီးဖြစ်သည်။

ထိုအချိန်က သူမဟာ တစ်ယောက်ကို တစ်ယောက် ဂရုမစိုက်ကြတဲ့ သူစိမ်းတွေဖြစ်လာကြပြီလို့ ခံစားခဲ့သည်။

သို့သော် ကောင်းကင်ဘုံသည် အမြဲတမ်း အံ့အားသင့်အောင် လုပ်တတ်သည်။

သူတို့နှစ်ယောက် သူစိမ်းတွေဖြစ်သွားကြသည့်တုင် သူတို့ဘဝတွေ ထပ်မံပေါင်းစည်းဖို့ ဖြစ်လာခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ ရှီကျားမူကြောင့်သာ...။

ရှီကျားမူမှာ စိတ်ကူးယဉ်ဝတ္ထုတွေထဲက အလွန်ချောမောခန့်ညားသော မင်းသား... ရှီလုပ်ငန်း၏ တစ်ဦးတည်း အောင်မြင်သူဖြစ်၏ ။

သို့သော် ထိုမင်းသားလေးကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပေ။

လွန်ခဲ့သော ခုနှစ်လက ညတစ်ညမှာ သူကားတိုက်ခဲ့သည်။

ထိုညမှာ ရှီကျားမူဟာ ဘူဂတ်တီဘေရွန်ကားအမျိုးအစားကို မောင်းနှင်ခဲ့ကာ အမိုးနှစ်ဆင့်တားမြင့်မြင့်ဆီ ဦးတည်မောင်းခဲ့သည်။

ကားရှေ့ကြေမွသွား၏ ။

ရှီကျားမူကို ကယ်ထုတ်ခဲ့ကြသောအခါ သူ အသက်ပင် မရှူတော့ပေ။

သူဟာ နာမည်ကြီးတာ​ကြောင့် သူ့သတင်းက တစ်ကမ္ဘာလုံးကို ဂယက်ထသွားစေသည်။

လုပ်ငန်းရှင်တစ်ယောက်အတွက် အောင်မြင်မှုသည် အလွန်အမင်းအရေးကြီး၏ ။

ထိုကားတိုက်မှုကြောင့် ရှီလုပ်ငန်းက အစုရှယ်ယာများ ထိုးကျမတတ်ဖြစ်သွား၏ ။

ထိုအခြေအနေမဖြစ်ရလေအောင် ရှီလုပ်ငန်းသည် ရှီကျားမူ မသေကြောင်း လူထုကိုပြောခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now