အခန်း ၁၄၃ + ၁၄၄ + ၁၄၅

4.4K 281 36
                                    

ချောင် အဲဒီလိုပြောတော့မှ လုလည်း သူမကို ခေါ်ခဲ့တာကို ပြန်မှတ်မိသွားသည်။

သူနှင့် ချောင်အန်ရှား တို့အကြားဘာမှမဖြစ်ဘူးဆိုတာကို လုကရှင်းရှင်းလင်းလင်း သိစေချင်ခဲ့ပေမဲ့ သူတို့နှစ်ယောက်က ချစ်သူတွေမဟုတ်သလို၊ တကယ့်လင်မယားတွေလည်း မဟုတ်တာကြောင့် သူမကို ရှင်းပြဖို့က သူ့အတွက်အဓိပ္ပာယ်မရှိနေပေ။

သူ ဘယ်လိုရှင်းပြရမှန်း မသိတဲ့အတွက် အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့သည်။

အဆုံး၌ လု အမှတ်တမဲ့မေးလိုက်တာက

"မင်းကရော? မင်း ငါ့ကိုမေးစရာမရှိဘူးလား။"

လုသည် ချောင် ကိုခေါ်ခဲ့သူဖြစ်ပြီး ယခု သူကသူမကို ဘာမေးချင်သလဲဟု မေးနေသည်။

ချောင် သည် သူ၏မေးခွန်းကြောင့် ဆွံ့အ သွားသည်။

သူမ ခေါင်းကို ခါယမ်းလိုက်ပြီး သူ့ကိုမေးခွန်းပြန်မေးလိုက်သည်။

"ဘာမေးရမှာလဲဟင်"

လု က ချောင် သည်သူ၏ အဓိပ္ပါယ်ကိုနားမလည်ဟုထင်သည်။ ထို့ကြောင့်သူညွှန်ပြသည်။

"ဒီနေ့ နေ့လည်က အန်ရှား နဲ့နေ့လည်စာစားတဲ့ကိစ္စမှာ မင်း ငါ့ကိုမေးစရာမရှိဘူးလား"

အန်ရှား ၏ပြောဆိုမှုသည် ချောင့် ၏စိတ်ဝိညာဉ်ကို ထိခိုက်စေခဲ့ပေမယ့် လု ထမင်းစားပြီးသောအခါ သူမနှင့် အတူမိုးကိုကြည့်သောကြောင့် သူမ စိတ်ကို အနည်းငယ်မြှင့်တင် နိုင်ခဲ့သည်။

စိတ်လှုပ်ရှားစွာဖြင့် သူမသည်ပြတင်းပေါက်ကို တိတ်ဆိတ်စွာငေးကြည့်နေသည်။

လု သည်အံ့သြစရာကောင်းသော စိတ်ရှည်မှုဖြင့် သူမ၏ ဘေးတွင်ရပ်နေသည်။

သူက ဆက်လက်စောင့်ဆိုင်းခဲ့ပြီး ချောင့် ကိုပထမဆုံးစကားပြောရန် အချိန်ပေးသည်။

ဒါပေမဲ့ အချိန်တော်တော်ကြာပြီးတဲ့နောက် သူမနှုတ်ဆိတ်နေခဲ့ပြီး စိတ်ပျက်မှုတွေက လုကိုလွှမ်းမိုးသွားခဲ့သည်။

သူမကို ဒီလိုတွေမေးပြီး သူဘာမျှော်လင့်ထားတာလဲ?

ချောင်အန်ရှားပြောသလို သူနဲ့ အန်ရှား တွဲနေတယ်ဆိုတာက သူမ စိတ်ထဲ တကယ်ထင်နေသလိုများလား?

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now