အခန်း ၅၄

5.3K 421 5
                                    

လူငယ်ဘဝရဲ့ ပုံရိပ်များ

လု က သူမကို ကြိုးစားဖို့ ခွန်အားအပြည့်ပေးခဲ့သလို သူနှင့် တစ်ခန်းထဲနေရဖို့ ကြိုးစားရသည်မှာ ချောင့်အတွက် အပန်းမကြီးခဲ့ပေ။

သူမဟာ အံ့သြစရာကောင်းလောက်သည်အထိ အတန်းထဲတွင် စာမေးပွဲတွင် အဆင့်ကောင်းကောင်းရခဲ့လေသည်။

ဆရာဆရာမများကပင် အံ့အားသင့်ကုန်ကြ၏ ။

သူမရဲ့လိုအင်ဆန္ဒအတိုင်း သိပ္ပံဘာသာရပ်အတွက် ပထမခန်းကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေ လုဟာ စာမေးပွဲကို ဆိုးဝါးစွာဖြေခဲ့ပြီး တတိယတန်းကိုသာ တက်ရောက်နိုင်ခဲ့သည်ကို သူမသိရှိသွားပြီးနောက် သူမအိမ်မက်များလွင့်ပြယ်သွားခဲ့တော့သည်။

ချောင်ဟာ ရှီကျားမူ၊ ချောင်အန်ရှားတို့နှင့် ပန်းချီအချိန်တွင် အတန်းဖော်များဖြစ်လာခဲ့၏ ။

သူမသူငယ်ချင်းများမှာ သူမ၏လုပ်ရပ်ကောင်းများကြောင့် ပျော်နေခဲ့ကြပေမယ့် သူမကတော့ သူတို့ရဲ့ချီးမွမ်းမှုများကို အပြုံးသေတစ်ခုဖြင့်သာ လက်ခံခဲ့သည်။

ထို့နောက် ဆရာတွေရဲ့ အခန်းနောက်က တောအုပ်ငယ်လေးထဲမှာ ပုန်းနေခဲ့ပြီး ညနေမစောင်းခင်ထိ ငိုကြွေးတော့သည်။

သူမစိတ်အနှောင့်အယှက်ဖြစ်နေခဲ့တာတောင်မှာ သက်ရောက်မှုသည် တူညီလိမ့်မည်ဟု သိခဲ့၏ ။

တစ်နှစ်ထဲမှာပင် သူ့ကို အဝေးကနေ သိုသိုသိပ်သိပ် လေ့လာစောင့်ကြည်ခဲ့၏ ။

တတိယအခန်းက မိန်းကလေးများမှာ ပထမအခန်းကမိန်းကလေးများနှင့် အတော်ကွာလှ၏ ။

သူတို့မှာ တစ်ယောက်ယောက်ကို ကြိုက်ပြီဆိုလျှင် စာကိုလုံးဝစိတ်မဝင်စားကြတော့ပါ။

တတိယခန်းကို ချောင် ဖြတ်သွားဖြတ်လာလုပ်တိုင်း လုရဲ့ အာရုံစိုက်မှုကို ရယူဖို့ကြိုးစားနေကြသော တတိယခန်းက မိန်းကလေးများကို တွေ့တွေ့နေပေသည်။

လုကတော့ ခပ်ချေချေနေသဖြင့် ချောင့်အတွက် သဝန်တိုစရာ မလိုပေ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now