အခန်း ၂၂ - မင်းကိုဘယ်သူဝင်ခွင့်ပေးလို့လဲ?

6.7K 686 4
                                    

လုကျင်းညန်ကို အရိပ်တကြည့်ကြည့် ကြည့်နေခဲ့သည်။

ကောင်းကင်သည် မှောင်အတိဖြစ်နေပြီ ။

ဤနေရာသည် ယခင်ထက် ပိုတိတ်ဆိတ်လာသည်။

တောအုပ်က အင်းဆက်ပိုးကောင်များ၏အသံပင် ကြားနေရသည်။

အိပ်ခန်းမီးများသည် ဖွင့်ထားခြင်းမရှိ။

တစ်ခန်းလုံးမှောင်လာသောကြောင့် မီးဖွင့်ရန် သူမ၏ဖုန်းမီးကို အသုံးပြုပြီး မီးခလုတ်ကို ဆတ်ခနဲ ဖွင့်လိုက်သည်။

နောက်ထပ်တစ်ကြိမ် သူ့နဖူးကို လက်ဖြင့်စမ်းလိုက်သည်။

သူအဖျားအနည်းသာကျသွာပြီး ကိုယ်နွေးတေးတေးဖြစ်နေသေးသည်ကို ခံစားမိ၏ ။

ချက်ချင်း သူ့နဖူးပေါ်ကို တဘက်တင်လိုက်၏ ။

ည ၁၁ နာရီမှာ သူအဖျားလုံးဝ ကျသွားသည်။

ချောင်အန်းဟောင် တော်တော်လေး စိတ်သက်သာရာ ရသွားသည်။

ကြမ်းပြင်မှာ ထိုင်ပြီး ကုတင်ကိုမှီကာ သူမလည်း အိပ်ပျော်သွားသည်။

အဆင်မပြေစွာ အိပ်ရသည့်အနေအထားကြောင့် သူမ ခဏအကြာမှာတင် ပြန်နိုးလာသည်။

လုကျင်းညန် နဖူးကို ထပ်စမ်းလိုက်ပြန်သည်။

အဖျားပြန်တက်ခဲ့ပြီ။

ဤတစ်ကြိမ်၌ တဘက်နှင့် နဖူးပေါ်တင်ပေးဖို့ အဆင်မပြေတော့ချေ။

သူဆက်၍ အဖျားတက်နေခဲ့သည်။ သတိလစ်နေစဉ်မှာပင် အဖျားရှိန်ကြောင့် ညဉ်းညူနေခဲ့ ၏ ။

တဘက်အေးသည် ယာယီကုသမှုတစ်ခုသာဖြစ်ခဲ့ပြီး အဖျားလုံးဝပျောက်စေရန်သည် ဆေးတိုက်ဖို့သာ လိုအပ်သည်။

ညဥ့်နက်ချိန်ဖြစ်သလို လူနေမှုနည်းပါးသည့်ဒေသဖြစ်သောကြောင့် ချောင်အန်းဟောင် စိုးရိမ်လာတော့သည်။

လုကျင်းညန် ကို ကြည့်ပြီး သူမဆုံးဖြတ်လိုက်သည်။

သူမ မတ်တပ်ထပြီး စားပွဲပေါ်က ဆေးကိုယူလိုက်၏ ။

ဆေးလုံးကို သူ့ပါးစပ်ထဲ ထည့်ပေး၍ သူမရေလုံလုံလောက်လောက်ငုံလိုက်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now